Intralife

Once life, pop rhythmic pieces

ယုံပေးပါ

leave a comment »

သြော် ချစ်သူ

အပြစ်မယူပါနှင့် ထပ်ပြောပါရစေ

အရမ်းချစ်တယ်ဆိုတဲ့အကြောင်း

ဘယ်တော့များမှ ဆုံဆည်းရမှာလဲ

တကယ်တော့ မင်းနဲ့တွေ့ခွင့်တောင်

မရနိုင်သေးတာ

အခုတော့ သတိပျောက် မင်းရောက်

အလွမ်းတွေဖျောက်ဖို့ အပြုံးဟန်ဆောင်ရတာ

ဘယ်သူ သိမှာတဲ့လဲ

ငါ မေ့ချင်ပြီလို့ တစ်ခါတစ်ရံ

တွေးခဲ့မိတာ

မင်းကိုချစ်တဲ့ ငါ့ရဲ့အချစ်ကို

အစားထိုးဖို့ ကြိုးစားခဲ့တာ

ဝါသနာနဲ့ ဘ၀ရည်မှန်းချက်ကို

တွေ့ရှိသလို

ငါ့အချစ် မင်းအပေါ်

ခိုင်မာမှန်း သိလိုက်ရပြီး

ဒီအချိန်မှာ ငါမြင်သမျှဟာ

မင်းတစ်ယောက်ထဲပါ။

. . . . ယုံပါ ယုံပေးပါ

Written by saooaime

April 28, 2009 at 2:12 am

Posted in Uncategorized

Tagged with

ဖွင့်ချိန်

leave a comment »

လေးတွဲ့စွာချဉ်းကပ်လာတဲ့ လေပြေနဲ့အတူ မိုးစွတ်မြေသင်းနံကိုရသည်။ အရောင်တို့သည် အုံမိုင်းနေဆဲ။ မိုးမစို့မပို့ရွာခြင်းကြောင့် အပူဟပ်သည်။ ပိတောင်တစ်ခက်နှစ်ခက်ပွင့်စေသည်ကတော့ နှစ်သက်ဖွယ်။ သို့သော် အချိန်မကျသေးဘူးထင်သည်။ သင်္ကြန်ရောက်ဖို့ တစ်ပတ်ကျော်ကျော် လိုသေးသည်မဟုတ်လား။

သူ့ရဲ့အသံသည် ကျွန်တော့နှလုံးသား၏ လောင်စာဖြစ်သည်။ သူ့ကိုချစ်သည်။ ကြာလေချစ်လေနစ်လေ ဖြစ်နေမှာလား။ တကယ်တော့ ကျွန်တော်မနစ်ပါ။ မြှင့်တင်ပေးခဲ့ပါသည်။ အထီးကျန်မှုကို သူကိုချစ်သည်ဆိုခြင်းက ဖယ်ထုတ်ခဲ့သည်။ ပျော်ရွှင်မှု တတ်ကြွမှု အရောင်တစ်ရောင်ကိုပေးသည်။ အပြာရောင်ဖြစ်သည်။ သူပေးတဲ့အရောင်လေ။ သူပေးတယ်ဆိုတာထက် သူ့ဆီကရသည်လို့ပြောရင် ပိုမှန်မည်ထင်သည်။ မဟုတ်ပါလား။

ရောင်ခြည်ဦး၏ နွေးနေခြည်

အရင်ဘယ်မှာရှိသနည်း

နံနက်ခင်း၏ ကောင်းကင်ပြာ

အရင်ဘယ်မှာရှိသနည်း

ပိတောက်ခတ်တို့ ရေစိုစွတ်

အရင်ဘယ်မှာ ပွင့်သနည်း

မြေသင်းနံတို့ လောင်းရိပ်ခို

အရင်ဘယ်မှာ ရသနည်း

ချစ်သူတေးလေး တွံသံချို

အရင်ဘယ်မှာ ကြူးသနည်း

ကခုန်မြူးတူး လောင်းရေစက်

ချစ်သူဘယ်မှာ ကဲသနည်း

ချမ်းခိုက်အေးတုန် ချစ်တံခါးလေး

ဒီနှစ် ဘယ်အချိန် ဖွင့်မည်နည်း

Written by saooaime

April 23, 2009 at 4:37 am

Posted in Poems

2009

leave a comment »

မင်္ဂလာရှိသောနှစ်သစ်ဖြစ်သည်။ သို့သော် ချစ်သူ၏ ဖုန်းသည် ယာယီပိတ်ခံထားရခြင်းကြောင့် မတွေ့ဖြစ်သည်မှာ 3 ပတ်ကျော်ပြီထင်သည်။ ဒီသင်္ကြန် ပုဂံသွားခဲ့တဲ့အကြောင်းကို ရေး ထားသည်မှာ မပြီးသေး။ ပြီးရင် မိတ်ဆွေတို့ ကို မျှဝေ မည် စောင့်ကြပါကုန်

Written by saooaime

April 21, 2009 at 6:48 am

Posted in Talk

Tagged with

ံHappy New Year 2009

leave a comment »

ပျော်ရွှင်သောနှစ်သစ် ဖြစ်ပါစေဗျာ
ဒီနှစ် က စပြီး လူသစ်စိတ်သစ်နဲ့ လမ်းစသစ် အခွင့်အလမ်းသစ်တို့ ရရှိပါစေဗျာ

Written by saooaime

April 11, 2009 at 5:55 am

Posted in Uncategorized

အကြင်နာတံခါးတစ်ချပ်ဖွင့်ပေးပါ

leave a comment »

ရင်မှာ အနာတရနဲ့ ငါ့ဘ၀မှာ

လေမှာ မြောတဲ့ တိမ်တိုက်အလား

နေရောင်အနမ်းနဲ့ ဂုဏ်သိက္ခ

အကြင်နာအနမ်းရဲ့ အိမ်မက်ကမ္ဘာ

နင်ဟာ ငါ့ရဲ့ နတ်သမီးတစ်ပါး

အကြင်နာတံခါးတစ်ချပ်ဖွင့်ပေးပါ

Written by saooaime

March 21, 2009 at 1:21 pm

Posted in Love, Poems

အတွေးတစ်ခုငါ့မှာရှိတယ်

leave a comment »

အတွေးတစ်ခု ရင်ထဲမှာရှိတယ်

ချစ်သူရယ် မင်းကို တကယ်ချစ်မိတာပါ

နှလုံးသားကို ရင်းပြီးငါခံစားနေရတာ

မင်းမသိလို့လား

မင်းကတော့ ငါ့ကို အလေးမထားဘဲ

မေ့မေ့ပျောက်ပျောက် မသိလို့ဘဲပေါ့

အတွေးတစ်ခုငါ့မှာရှိတယ်

ရင်ထဲကအချစ်တွေကို နှလုံးသားမရှိတဲ့အခါ

မရှိတော့တဲ့အခါ ရှိစရာကုန်ခမ်းသွားတဲ့အခါ

နောက်ဆုံး လောင်ကျွမ်းသွားတဲ့အထိ

မင်းရှိနေခဲ့တော့

ပြာပုံထဲမှာတောင် မင်းရဲ့အတစ်စိတ်တစ်ပိုင်းက

ကျွင်းကျန်ရစ်တာမျိုးပါ

Written by saooaime

March 21, 2009 at 12:03 pm

Posted in Love, Poems, diary

ဒီမှာ

leave a comment »

ကျွန်တောဒီ blog မှာ ရေးချင်တာတွေရေးနေသည်။ ဟုတ်တယ်လေ blog ဆိုတာ ဒိုင်ယာရီတစ်မျိုးပဲမဟုတ်လား။ ကိုယ့်ခံစားချက်တွေ ထုတ်ဖို့ ရေးတာလေ။ ကိုယ်ရေးချင်တာရေးမှာပေါ့။ အခုလည်းကြည့် လုပ်လိုက်ပြန်ပြီ။ ငယ်ငယ်တုန်းကတဲ့။ ငယ်ငယ်ကျိုးငယ်နာတွေပေါ်ကုန်မှဖြင့်။ ကိစ္စမရှိ စာရေးရမည်ဆိုလျှင် ငယ်ကျိုးသာမက ကြီးကျိုးပါ ပေါ်ပါစေမမှု။ ဟုတ်တယ်မဟုတ်လား။ စာရေးချင်တာပဲ။ ရေးစရာမရှိရင် ကိုယ့်အကြောင်းကို ရေးမှာပေါ့။ ဒီထဲမှာ ကိုယ့်ကိုကိုယ်မြှောက်ချင်လည်းမြှောက်မည်။ ချွန်ချင်လည်းချွန်မည်။ ဘာဖြစ်လည်းကိုယ့်ကိုကိုယ် ရေးတာ။ ဒါကြောင့် ဆက်ရေးမည်။

Written by saooaime

March 16, 2009 at 11:36 am

Posted in To Friends

ကျွန်တော်ငယ်ငယ်က

leave a comment »

ကျွန်တော် ဒီဘလော့ဂ်မှာ အချစ်အကြောင်းတွေပဲ ပြောနေမိပြီဗျာ။ ဒါကြောင့် ငယ်ငယ်က အကြောင်းတွေပြန်သွားမည်။ ကျွန်တောရေးမည့်အကြောင်းသည် ကျွန်တော်ငယ်ငယ်တုန်းကအကြောင်းဖြစ်သဖြင့် တစ်ချို့ အချက်အလက်တို့ သည် အခုမှန်မည်မဟုတ်ကြောင်းကိုကြိုတင် တောင်းပန်အပ်ပါသည်။

အဖေက၀န်ထမ်းဆိုတော့ ၀န်ထမ်းအိမ်ယာမှာ နေခဲ့တာပေါ့။ ဇာတိကမုံရွာမြို့ပါ။ သံလာဝတီလို့လည်းခေါ်တယ်။ ကျွန်တော်တို့နေတဲ့ရပ်ကွက်က ရုံးကြီးရပ်ကွက်။ ကမ်းနားနားမှာလေ။ အဲဒီရပ်ကွက် ရုံးတွေများတယ်လေ။ ဒါကြောင့်လည်း ရုံးကြီးရပ်လို့ခေါ်တာနေမှာပါ။ မြို့ထဲကနေ ကမ်းနားကိုအလာ ရောက်ဖို့ ၁၀မိနစ်လောက်အလိုမှာ လမ်းဆုံတစ်ခုရှိတယ်။ အဲဒီလမ်းဆုံမှာ တည့်တည့်သွားရင် ကမ်းနားကိုရောက်ပြီလေ။ အဲဒီဘေးနားမှာ ညောင်ပင်ကြီးတစ်ပင်ရှိတယ်။ ဘယ်ဘက်မှာပေါ့။ အဲဒီဘက်ကို ချိုးလိုက်ရင် စားရေးတမ်းလမ်းပေါ်ရောက်ရော။ အဲဒီကစ ပြီး ကမ်းနားထိ ဘလောက်တစ်ခုလုံးက ဆောက်လုပ်ရေးမြေလေ။ စာရေးတန်းလမ်း ကတည့်တည့်သွား ရင် နောက်ထပ်လမ်းဆုံတစ်ခု ထပ်တွေ့ ရမှာပေါ့။ ညာဘက်မှာ အကြော်ဆိုင် ဘယ်ဘက်မှာက တိုက် အပြာကြီး(သိပ်မမှတ်မိဘူး)၊ ဟိုဘက်ညာဘက်ထိပ်က ရေနံဂျီးတွေဝနေတဲ့ ပြင်ထောင်အိမ်၊ ဘယ်ဘက်ထိပ်မှာဆေးခန်း ကျွန်တော့မေးကို ၃ ချက် ချုပ်ပေးတဲ့ ဆရာဝန်လေ။ မှတ်မိသေးတယ်။ အဲဒီလမ်းဆုံကနေ ဘယ်ဘက်ကို ချိုးသွားရင် ဘုန်းကြီးကျောင်းတွေရှိတယ်။ အဲဒီထဲမှာ ငယ်ငယ်တုန်းကတက်ခဲ့တဲ့ မှုလတန်းကျောင်း(ကတိုးမြောက်ရပ်ကျောင်း)ကို ရောက်တယ်။ တည့်တည့်သွားရင် ကန်သာယာဘက်ရောက်သွားပြီ။ အခုတော့ မြေဖို့ပြီး ရပ်ကွက်ဖြစ်နေပြီ။ ညာဘက်ကိုကွေ့ ရင် ကျွန်တော့အိမ် ရောက်တယ်လေ။ ဆက်သွားရင်တော့ တာရိုးကြီးနဲ့ဝင်ဆောင့်ပေါ့။ ကျွန်တော်နေတဲ့ ခြံဝန်က ဆောက်လုပ်ရေးဝန်းထဲမှာပါ။

အဲဒီလမ်းကို ဝေဋ္ဌုဝန်လမ်းလို့ခေါ်တယ်ဗျ။ အထဲကို ၃ မိနစ်လောက်လျှောက်လိုက်ရင် ဘယ်ဘက်မှာ ၃ ထပ်တိုက်နဲ့ပွဲရုံကြီးရှိတယ်။ အန်တီလှတိုက်လို့ခေါ်ကြတာပဲ။ အခုတော့ ဘယ်လိုရယ်မသိတော့ပါဘူး။ အန်တီလှတိုက်ရဲ့ မျက်နှာချင်းဆိုမှာ ကုက္ကိုလ်ပင် ကြီးရှိတယ်။ အဲဒီအောက်ခြံရဲ့ အတွင်းဘက်ထဲမှာ မြေကွက်လပ်တစ်ခုရှိတယ်။ ဒီကွက်လပ်က ကျွန်တော်တို့ရဲ့ ကစားကွင်းပေါ့။ ကွက်လပ်ရဲ့နောက်မှာမှ နှလုံးပူးခြေတံရှည်အိမ်ကလေး။ ညာဘက်က အဖေရယ်အမေရယ် ကျွန်တော်ရယ်နေတယ်။ ဘယ်ဘက်မှာတော့ ဒေါ်ချစ်တင်(၀၀ဖိုင့်ဖိုင့်၊ စွာစွာ၊ ဘယ်သန်နဲ့ အခုတောင် မျက်စိထဲမျက်လာပြီ)၊ အင်း . . ဦးမျိုးတင့်(ထိပ်ပြောင်ပြောင်၊ မိန်းမကိုကြောက်ရတယ်) ပြီးတော့ အမြဲတမ်း အဆူ အထောင်း အရိုက်ခံ ပြီး မှတ်လည်းမမှတ်ဘူး ပပ်ပပ်စပ်စပ်ဆိုးတဲ့ ကိုဖြိုး သူတို့တွေနေကြတယ်ပေါ့။

ကျွန်တော်ကတစ်ဦးတည်းသောသား။ ကျွန်တော် ၅တန်းရောက်မှ ညီမနှစ်ယောက်မွေးတာ။ အဖေက သူ့လို တစ်ယောက်ထဲဖြစ်မှာဆိုးလို့တဲ့။ ကြိုးစားတာ။ ရတော့လည်းအမွှာပူး။ ရန်ကုန်သွားမွေးတယ်။ အဲဒီမှာ အဒေါ်တွေအမတွေရှိတယ်လေ။ သူတို့မွေးတော့ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဆေးရုံမှာ အမွှာတွေမွေးတယ်ဆိုပဲ။ ၄ မွှာ ၅ မွှာလောက်ရှိမယ်ထင်လို့ပြောတာပဲ။ အဲလိုဆိုတော့ ငယ်ငယ်ကတစ်ယောက်ထဲနေရတာပေါ့။ အဲဒီတော့ သီငယ်ချင်းတွေဆိုအရမ်းခင်တတ်တယ်။ မေမေက ကျွန်တော် ၄တန်းလောက်ထိ သူပဲသင်ခဲ့တာ။ စာမရမခြင်း မပြီးမခြင်း ပေးမဆော့ဘူး။ သူငယ်ချင်းတွေကလည်းလာနေပြီ။ ဖင်ကတကြွကြွကိုဖြစ်ရော။ ဒါပေမယ့် မေမေက တုတ်ကြီးကိုင်ပြီးစောင့်နေတာဆိုတော့ မထရဲဘူး။ နောက်ဆုံး ပြီးပြီ မင်းသွားတော့ဆိုမှ ခုန်ပေါက်ပြီး ပြေးတော့တာ။ စာအုပ်တောင်မသိမ်းတော့ဘူး။

Written by saooaime

March 16, 2009 at 6:45 am

Posted in My Yonth Life

Tagged with

မနေ့တစ်နေ့ကအကြောင်း

leave a comment »

မနေ့က ဆိုပေမယ့် ကြာပါပြီ။ ဒါပေမယ့် မကြာသေးဘူးဗျ။ အန် . . .

ဘာလဲဟ .

ကြာတော့ကြာပြီပေါ့ဗျာ။ ဒါပေမယ့် ခံစား ရင်းနင့် လွမ်းဆွေးနေတာဆိုတော့ မကြာသေးဘူးထင်တာ။ အဲဒါ

သူနဲ့ကျွန်တော်ကသူငယ်ချင်း။

တွေ့ဆုံမှုက ခဏ ခင်မင်မှုကတစ်ဘဝ

သူနဲ့ခွဲရတော့ ရင်ထဲမှာ နင့်နေသည်။ ပြဇာတ်ဆိုတာ လူတွေ လက်တွေ့ခံစားတဲ့အခါ နံမည်ပေးတက်အောင် သင်ပေးတဲ့ သင်ဆရာတစ်မျိုးပေါ့။ မနေ့ကဆိုတာ ကျွန်တော့အတွက်တော့ သူ့ကို ရင်ခုန်ရင်း ပျော်ခဲ့ရတဲ့ရက်တွေလေ။ ဒီနေ့ဆိုတာကတော့ . . .

လူတစ်ယောက်ရဲ့ ခံစားချက် ကို အခြားလူတစ်ယောက် သိရှိဖို့ဆိုတာ အရမ်းလွယ်ပါတယ်။ ဒါနဲ့မြန်းဗျာ သူဘာလို့ မယုံကြည်ရတာလဲ ဟန်ဆောင် နေရတာလဲ။ ဘာ ချစ်သူရှိတယ်။ ကဲပါ ကဲပါ . . . .

ဘာပဲဖြစ်ဖြစ်မင်းကို ချစ်နေမှာပါ၊

ထာဝရဆိုတဲ့အရာ တကယ်ရှိခဲ့ရင်

အချစ်ဆိုတာ လူငယ်တို့ရဲ့ ပြယုဒ်သတ်သတ် မဟုတ်ခဲ့ရင်

ငါ ဆိုတဲ့အရာဟာ ငါလို့သေချာခဲ့ရင်

ငါဟာ မနေ့တစ်နေ့က အကြောင်းတွေပဲ ပြန်တွေးနေတဲ့ကောင်မဟုတ်ဘူး

အနာဂတ်မှာ မင်းကိုချစ်ဖို့ မစဉ်းစားဖူး

ငါဟာ အခုပစ္စုပ္ပန်မှာပဲ မင်းကို ချစ်နေတယ်ဆိုတာ

မင်းသိဖို့ ကြိုးစားတယ် . . .

Written by saooaime

March 16, 2009 at 5:02 am

Posted in About Yesterday

Tagged with

Oh! My Love

leave a comment »

Oh! My Love,

That I love very much

Oh! My Girl,

That I value very much

Please tell me hornestly, my love

Who you love?

In fact that how do you feel of me . .

I really love you fri

How can I prove that?

Hay Girl!

You didn’t feel?

You didn’t even think

Arr . . . .

Written by saooaime

March 13, 2009 at 5:17 am

Posted in Oh! My Love

Tagged with