Archive for the ‘Uncategorized’ Category
သုခစုစံ
မိုးပေါက်ကျတော့ ဘေးနံရံမှားကားကားပြီး စောင့်
ဂျင်းဖောသူ မယ်တင်က ခေါက်ဆွဲခြောက်ထုပ် အကျန်ကိုဆွဲ
ကိုသားခုအတွက်တဲ့ကဲ . . .
သူ့မှာ တော့ နေသာပြီဆို
ခြံရှေ့ မှာ သူအလာကို
သွားသွားပြီးမျှော် သွားသွားပြီးလူး
တွေးတွေးပြီးဆွေး ရေးရေးပြီးရယ်
လူးလူးပြီးလှိမ့်(အိပ်ယာထဲမှာ “း)” )
ပြီးတော့ ကြိတ်ကြိတ်ပြီးစား
ဝက်ရိုးဆို သူ့အကြိုက်
ပြေးပြေးပြီးကိုက် နောက်တော့
ပြေးပြေးပြီးပါ ပြေးပြေးပြီးထဲ့
ဝေးဝေးကြီးတဲ့ သူပြောတာ
ဒါပေမယ့် အမယ်လေး ဆွေးရပြီ
ဒီငနဲကြီးဟဲ့ဆိုပြီး ထုထုပြီးငို
ကြာကြာတော့ ပဲ့ပဲ့ပြီးကွဲ
နောက်ဆုံးတော့ ကုလားမနဲ့
ကွိစိကွစနဲ့ ဟီဟီးပြီး ငြားပါရောလား ကဲ။ ။
မင်းဘယ်မှာလဲ
ဘယ်ဆီကို မင်းရောက်နေမလဲ ဘယ်သူနဲ့မင်းရှိနေမယ် တွေးမိပါတယ် လွမ်းမောရင်လည်း သတိရပါတယ် . . .
အား . . . အချိန်ကိုက်ဖွင့်လာသော လေးဖြူသီချင်းကြားလိုက်မိရုံလို့ ကျွန်တော်မထင် ရင်ထဲဝင်ပြီး ကုန်းအော်လိုက်ချင်သည် အထိဖြစ်သည်။ ဒီအကြောင်း ပြောပြရင်လည်း ချစ်သူကို သတိထပ်ရနေအုံးမည်။ တကယ်တော့ ချစ်သူကို သတိရ လို့ ရေးမိနေတာပါဘဲ။ ကျွန်တော် ကဗျာတစ်ပုဒ်စပ်ချင်လာပြီ။
မင်းနဲ့ငါ ပြန်တွေ့ကြတော့
မင်းဘေးမှာ ကောင် တစ်ယောက်နဲ့
စိတ်ရှိလက်ရှိပြောလိုက်ရရင် “ဘာလဲကွ ဒီအကောင်”
မင်းပေးသွားတဲ့ အီးမေးကို
invite လုပ်တော့
မင်းနဲ့ငါ online ပေါ်မှာ
တစ်နေ့ကြတော့ handphone နံပါတ်
မင်းပေးခဲ့တော့
သြော် ငါလေ ပျော်လိုက်တာ
မင်းနဲ့ငါ ဖုန်းဆက်ရင်း
ပြောလိုက်ကြတာ
ဖုန်းပြီးတိုင်း လူးလိမ့်လို့
ငါ့မှာ အရှုးတစ်ပိုင်းပါဘဲ
ကြင်နာသူ ဒါကိုမင်းသိရဲ့လား
တကယ်တော့ မင်းနဲ့ငါ
မတွေ့ဖြစ်တာ ၁နှစ်တောင်လောက်ကြာ
ဖုန်းနဲ့ပဲ တွေ့ဖြစ်တာ ငါ့ ရင်တွေတုန်လို့
အခုတော့ မင့်ဖုန်းကို
ဆက်လိုက်တော့ “ ဌာနမှ ပိတ်”
အောင်မလေး ငါ့နှလုံးသားလေးတော့
ရေနစ်ပြီဟေ့ ။ ။
ယုံပေးပါ
သြော် ချစ်သူ
အပြစ်မယူပါနှင့် ထပ်ပြောပါရစေ
အရမ်းချစ်တယ်ဆိုတဲ့အကြောင်း
ဘယ်တော့များမှ ဆုံဆည်းရမှာလဲ
တကယ်တော့ မင်းနဲ့တွေ့ခွင့်တောင်
မရနိုင်သေးတာ
အခုတော့ သတိပျောက် မင်းရောက်
အလွမ်းတွေဖျောက်ဖို့ အပြုံးဟန်ဆောင်ရတာ
ဘယ်သူ သိမှာတဲ့လဲ
ငါ မေ့ချင်ပြီလို့ တစ်ခါတစ်ရံ
တွေးခဲ့မိတာ
မင်းကိုချစ်တဲ့ ငါ့ရဲ့အချစ်ကို
အစားထိုးဖို့ ကြိုးစားခဲ့တာ
ဝါသနာနဲ့ ဘ၀ရည်မှန်းချက်ကို
တွေ့ရှိသလို
ငါ့အချစ် မင်းအပေါ်
ခိုင်မာမှန်း သိလိုက်ရပြီး
ဒီအချိန်မှာ ငါမြင်သမျှဟာ
မင်းတစ်ယောက်ထဲပါ။ ။
. . . . ယုံပါ ယုံပေးပါ
ံHappy New Year 2009
ပျော်ရွှင်သောနှစ်သစ် ဖြစ်ပါစေဗျာ
ဒီနှစ် က စပြီး လူသစ်စိတ်သစ်နဲ့ လမ်းစသစ် အခွင့်အလမ်းသစ်တို့ ရရှိပါစေဗျာ
Hello Fri!
Welcome to My blog. Let’s dive my inside.
