Archive

Archive for the ‘Love’ Category

August 10, 2009 saooaime Leave a comment

သူ့ကို မေးပေးပါ

သူ သိပါ့မလား

သူ့ကို ပြောပေးပါ

သူ ကြားပါ့မလား

သူ့ရဲ့ ဘေးနားမှာ

ငါ

အဲ

Categories: Love, Poems

ရှိခဲ့တယ်

June 26, 2009 saooaime Leave a comment

အရောင်ရှိတယ် အပြာရောင်

အလင်းရှိတယ် ညနေခင်း

အတူရှိတယ် ဒို့နှစ်ယောက်

နေရာရှိတယ် ပလက်ဖောင်းပေါ်မှာ

ဆိုင်တစ်ဆိုင်ရှိတယ် တုတ်ထိုးဆိုင်

ကားရှိတယ် သူလိုက်သွားခဲ့တာ

မှတ်တိုင်ရှိတယ် အသည်းကွဲရင်းပေါ့

ပြောစရာတော့ရှိတယ်

ဒါပေမယ့် မပြောခဲ့ရပါ . . . .

Categories: Love, Poems

အကြင်နာတံခါးတစ်ချပ်ဖွင့်ပေးပါ

March 21, 2009 saooaime Leave a comment

ရင်မှာ အနာတရနဲ့ ငါ့ဘ၀မှာ

လေမှာ မြောတဲ့ တိမ်တိုက်အလား

နေရောင်အနမ်းနဲ့ ဂုဏ်သိက္ခ

အကြင်နာအနမ်းရဲ့ အိမ်မက်ကမ္ဘာ

နင်ဟာ ငါ့ရဲ့ နတ်သမီးတစ်ပါး

အကြင်နာတံခါးတစ်ချပ်ဖွင့်ပေးပါ

Categories: Love, Poems

အတွေးတစ်ခုငါ့မှာရှိတယ်

March 21, 2009 saooaime Leave a comment

အတွေးတစ်ခု ရင်ထဲမှာရှိတယ်

ချစ်သူရယ် မင်းကို တကယ်ချစ်မိတာပါ

နှလုံးသားကို ရင်းပြီးငါခံစားနေရတာ

မင်းမသိလို့လား

မင်းကတော့ ငါ့ကို အလေးမထားဘဲ

မေ့မေ့ပျောက်ပျောက် မသိလို့ဘဲပေါ့

အတွေးတစ်ခုငါ့မှာရှိတယ်

ရင်ထဲကအချစ်တွေကို နှလုံးသားမရှိတဲ့အခါ

မရှိတော့တဲ့အခါ ရှိစရာကုန်ခမ်းသွားတဲ့အခါ

နောက်ဆုံး လောင်ကျွမ်းသွားတဲ့အထိ

မင်းရှိနေခဲ့တော့

ပြာပုံထဲမှာတောင် မင်းရဲ့အတစ်စိတ်တစ်ပိုင်းက

ကျွင်းကျန်ရစ်တာမျိုးပါ

Categories: Love, Poems, diary

အလှတရားအပေါ်ကျွန်ုပ် အမြင်

November 21, 2008 saooaime Leave a comment

အလှတရားတွင် သုံးမျိုးရှိသည်ထင်၏

၁။ သဘာဝတရား၏ အရိုးခံရိုးစင်းသော အလှတရား

၂။ Setting အချိန်ကာလ၊ ပံပိုးမှုတို့၏ အလှတရား

၃။ စိတ်ထင်စွဲသော အလှတရား ဟူ၏။

Categories: Love, opionion Tags:

In You

November 21, 2008 saooaime Leave a comment

I’m in loving

But not be loved;

I’m in dreaming

But not actual;

I’m in missing

The shape is pure;

I’m in beeing

There you are

Fitting dwell.

Categories: Love, Poems Tags: ,

မင်းမရှိလဲ

November 21, 2008 saooaime Leave a comment

အတွေးနဲ့အရေး

နှလုံးသွေးကိုတောင် မင်းပိုင်စိုးတော့

ငါ ဘယ်မှာနေခွင့်ရမလဲ

အလေးအနက်တွေး

စိတ်ကသိနေတယ်

မင်းဘယ်မှာရှိနေမလဲ

ကဗျာထိုင်ရေး

မင်းအကြောင်းတွေပဲ

ငါ ဘယ်အချိန်လွတ်မြောက်မလဲ

မင်းမချစ်လဲ

ချင်မြဲ ချစ်နေမယ်

ကျန်ရစ်ဖြစ်လဲပဲ

ရေးနေစဉ် အလွမ်း

ဖတ်နေတုံး အပြုံး

မမုန်း မပြစ် ပွေ့ဖတ်ထားမယ်

မင်း မရှိနေလဲပဲ။      ။

Categories: Love, Poems

သူ (continued . . .

September 27, 2008 saooaime Leave a comment

ရောင်ပြန်ထွန်း အလင်းမဲ့နေရာ

လေဟာနယ် ကမ္ဘာတစ်ခု

ပြုံးရောင်သန်း ရှက်သွေးဖြာ

စိတ်ကူးယဉ် အလင်းတွေနဲ့

လှောင်ပိတ်ရက်သူ

အကြင်နာမဲ့ နှလုံးသားဗလာ

အရောင်တွေမပါ အသွင်အပြင်တစ်ခု

နာကြင်မှု အစွန်းအပဲ့တွေနဲ့

နေရစ်ခဲ့သူ၊

ယုံကြည်မဲ့ မျှော်လင့်ချက်ဗလာ

နေခြည်မဖြာ နံနက်ခင်းတစ်ခု

ဆောက်တည်မဲ့ ခြေလှမ်းတွေနဲ့

လျှောက်လမ်းခဲ့သူ၊

ချစ်သူမဲ့ လက်ဗလာ

ရင်ခွင် ဟာ  အပြုံးတစ်ခု

အမုန်းမဖတ် ငါ့ကမ္ဘာကို

ပိုင်စိုးခဲ့သူ၊

အဆုံးမဲ့ ရယူမှုဗလာ

ချစ်ခြင်းသာ ပိုင်ဆိုင်မှုတစ်ခု

ရင်ခုန်ရင်း ကြည်နူးမှုတွေနဲ့

နေတက်ခဲ့သူ။

Categories: Love, Poems Tags:

အခြားရင်ခွင်

August 31, 2008 saooaime Leave a comment

ဂီတာကိုယူ ငါကြိုးညှိတော့

ချစ်သူ မင်းဘေးနားမှာမရှိ

တီးခတ်လိုက်တဲ့ ငါ့ရဲ့ သံစဉ်တွေက

နှလုံးသားသည်းပွတ် ဒါဏ်ရာတွေလေ

မင်းမသိခဲ့ဘူး ငါ့ရဲ့ ဒါဏ်ရာတွေကို

ယုံကြည်ခြင်းမခဲ့ရတဲ့ ချစ်ခြင်းတွေနဲ့

ဟန်ဆောင်ဖုန်းကွယ်ရင်း အပြုံးလေးနဲ့

အမုန်းတွေ မရှိခဲ့ဘူး

ငါ့ဆီမှာ

ချစ်ခြင်းရဲ့ သင်္ကေတတစ်ချို့

ရန်ခုန်ခြင်း ကြည်နူးခြင်းဆိုရင်

ဟိုအရင်တုန်းကလည်း ချစ်ဖူးပါတယ်

ဒါပေမယ့်

ဒီလောက်ထိ နက်ရှိုင်း တစ်ဘ၀လုံးကြည်နူးမှုတွေနဲ့

ငါ့ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းထိတော့

မင်းတစ်ယောက်ထဲပါ

အတိက်ကံကြောင့်လား ဒါမှမဟုတ်

ကံရဲ့ အနက်

အတိက်က ငါ့ရဲ့ ရည်ရွယ်မဲ့လုပ်ရပ်ကြောင့်လား

အခုတော့

အခြားတစ်ယောက်ရဲ့ ချစ်သူကို

ချစ်မိတာ ငါပါ။

Categories: Love, Poems Tags: ,

မပြောခဲ့ပါ

August 14, 2008 saooaime Leave a comment

ချစ်သူအကြောင်းကိုမပြောချင်ပါ

သို့သော်ပြောခဲ့ရသည်

အဘယ့်ကြောင့်ဆိုသော်

အပြင်းထံဆုံးလှုပ်ရှားမှုဖြင့် ခုန်ခဲ့ရသောရင်သည်

ကျွန်တော်၏ နှလုံးသားကိုထိန်းချုပ်လိုက်သည်

ထို့ကြောင့် သူ့ကိုပြောရသည်

ချစ်သူသည် ကျွန်တော့အကြာင်းကို

မေ့ပြစ်နိုင်သည်

အဘယ်ကြောင့်ဆိုသော်

အပေါ့ပါးဆုံးလေပြေနှင့် အေးမြမှုက

သူ့ကို ပြုံးစေခဲ့သောကြောင့်ဖြစ်သည်

သူ၏ ရင်ခုံသံသည် ဘေးနားတွင်ရှိသော

ကျွန်ုပ်မဟုတ်သော အနားသတ်ပခုံးတစ်ခုတွင်

မှေးစပ်နေသောကြောင့် လေပြေသည်

သူတို့နှစ်ဦးအတွက် နှစ်သိမ့်မှုကို

ပေးခဲ့သည်၊

သို့သော် ထိုလေပြေသည်

ကျွန်ုပ်ဖြစ်သည် ကိုလည်းကောင်း

ကျွန်ုပ်၏ နှလုံးသား ဖြစ်သည်ကိုလည်ကောင်း

မပြောခဲ့ပါ မပြောဖြစ်ခဲ့ပါ

Categories: Love, Poems