Archive

Archive for the ‘personal’ Category

ကျွန်တော့အကြောင်း သူတို့အမြင်

February 10, 2009 saooaime Leave a comment

တစ်ခါတစ်လေကိုယ့်ကို အလုပ်ရှုပ်နေတဲ့လူ တစ်ယောက်အဖြစ်မြင်ချင်တယ်။ တကယ်သေချာကြည့်တော့ ဘာလုပ်ရမှန်းမသိတာပဲ။ ကောင်းရော။ ဟုတ်တယ် လုပ်ချင်တာတွေများနေသလိုပဲ။ လုပ်မယ်ဆိုတော့ အလုပ်ကမရှိတော့ဘူး။ အဲလို . . .

တစ်နေ့က အိမ်ပြန်တော့ စဉ်းစားမိတယ် ဒီနေ့မီးလာတယ် ပြန်ရောက်ရင်လုပ်စရာတွေရှိတယ်ပေါ့။ အိမ်ရောက်လို့ ကွန်ပျူတာလဲဖွင့်ပြီးရော ဘာလုပ်ရမှန်းမသိတော့ဘူး။ ဒါနဲ့ သီချင်းဖွင့်လိုက်တယ် ပြီးရော

မုံရွာသို့အလွမ်း

August 14, 2008 saooaime Leave a comment

ကျွန်တော့ဇာတိချက်မြုပ်ရာ မုံရွာနှင့် ဝေးကွာခဲ့သည်မှာ ၈ နှစ်ခန့်ရှိခဲ့ပေပြီ။ အခုလို ချင်းတွင်းမှာ မုံရွာရဲ့ အငွေ့အသက်တွေရရှိခဲ့တဲ့အတွက် ချင်းတွင်းကို ဖန်တီးခဲ့ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်။ ကျွနုပ်၏ မုံရွာအလွမ်းကို ဒီနေရာမှာ ဖွင့်ခွင့်ပြုစေချင်ပါသည်။
(၁)
ကျွန်တော့နေရပ်က ရုံးကြီးရပ်၊ ချင်းတွင်းမြစ်နှင့် လက်တစ်ပြတွင်ရှိသည်။ တာရိုးကြီး၏ ကတ္တရာလမ်းမ တစ်ဘက်တွင် ဆောက်လုပ်ရေးရုံးရှိ၏။ ရုံးဝန်းထဲတွင် ကျွန်တော်အမြတ်နိုးဆုံးအိမ်ကျွန်တော့တစ်သက်တာ တသသလွမ်းနေမည်ဖြစ်သောအိမ်။ ကျွန်တော့ ကလောင်နံမည်ကို စဦးအိမ်ဟု ပေးရခြင်းသည်လည်း ထိုအိမ်ကိုလွမ်းသောကြောင့် တမ်းတသောကြောင့် ဖြစ်သည်။ ထိုအိမ်သည် ဝေဠုဝန်လမ်းဟုခေါ်၍ ကလေး၊ ခွေး အလွန်ပေါသောလမ်းပေါ်တွင်ဖြစ်သည်။ ငယ်ငယ်တုန်းက ကျွန်တော်တို့ပြေးလွှားဆော့ကစားနေကြစဉ် ကလေးများနှစ်သက်ရာ လျှက်စားသည် လာလေ့ရှိသည်။ လျှက်စား တစ်ထုပ် 15 ပြား ဆိုသော အသံကြားလျှင် အလုအရက် လက်ဝါးဖြန့်ကြသည့် အထဲတွင် ကျွန်တော်လည်းပါသည်။ လျှက်ဆားသည်ကြီးကလည်း `ဟ ဒီလမ်းက ကလေးပေါလှချည်လား` ဆိုပြီး အံသြရသည်အထိဖြစ်သည်။
`လက်ဝါးတွေဖြန့်ရင် လျှက်ဆားတွေရမယ်နော် လျှက်ဆား´
ထိုအသံကိုတမ်းတဆဲ။ ကျွနုပ်၏အိမ်သည် ၀န်ထမ်းအိမ်ဖြစ်သည့်အလျှောက် နှစ်အိမ်ပူးထားသော ၀န်းထရံကာ သစ်သားအိမ်မျိုးဖြစ်သည်။ ကမ်နားရပ်ကွက်လည်းဖြစ်သည့်အလျောက် ခြေတိုင်အိမ်ရှည်အမျိုးအစားဖြစ်သည်။ လမ်းထဲတွင် ကျွနုပ်၏ အိမ်ရှေ့မြေပြင်ကျယ်သည် ကလေးများ ဆော့ကစားရာ ကစားကွင်းအဖြစ်တည်ရှိနေခဲ့သည်။ အိမ်ရှေ့တည်တည့်တွင် ကုက္ကိုပင်ကြီးရှိသည်။ ထိုကုက္ကိုပင်ကြီးသည် အခုထိ ကျွနုပ်ရင်တွင်းရှိ အထိမ်းအမှတ်အပင်တစ်ပင်လည်းဖြစ်သည်။ ထိုအပင်အောက် ဆော့ကစားခဲ့သည်များကို အမှတ်ရတမ်းတမိနေဆဲ။ အမြဲရှောက်ခဲ့တဲ့ တာရိုးပေါ်က လမ်းတွေပေါ်မှာ ကျွန်တော့ခြေရာလေးတွေရှိသေးရဲ့လား။ ချစ်တွင်းမြစ်ပြင်ကြီး အချိန်မဲ့ထိုင်ကြည့်နေဖို့ကျွန်တော့မှာအခွင့်မရှိတော့ဘူးလား။ ဒါတွေကိုတစ်နေ့ ကျွန်တောပြန်ယူမည်။ ကျွန်တောပြန်လာမည်။ သို့သော် ပြန်မလာနိုင်မှီ ထိုအမှတ်တရ များကို ချင်းတွင်းမှာ တမ်းတခွင့်ပြုမည်ဆိုလျှင် . . .

www.chintwin.com forum တွင် ကျွန်တော်ရေးခဲ့သည်များကို မှတ်တမ်းတင်ပါသည်

Categories: diary, life, personal

တစ်ဘ၀စာညံတမ်း(3)

August 7, 2008 saooaime 1 comment

ကျွန်တော် 10 တန်းနှစ်။ ဘော်ဒါ တက်ရတယ်။ ပထမနေ့ ရင်းနှီးမှုမရှိသေးတဲ့နေရာ အထီးကျန်ဆန်လွန်းပါတယ်။ မနက်တိုင်းအိမ်ကိုလွမ်းပြီး လောကကြီးကို စိတ်ကုန်တက်နေပြီ။ ဒီလိုပဲ နိုးလာကြ လှုပ်ရှားကြ၊ ပြောလိုက်ကြ၊ ပြီးတော့ အိပ်လိုက်ကြရတာ။ ဒီလိုနဲ့တစ်ပါတ် နှစ်ပါတ်။ သူငယ်ချင်းတွေနဲ့ အထိုက်အလျောက်ပျော်ရွှင်တက်နေခဲ့ပါပြီ။ တစ်နေ့ မှတ်မှတ်ရရ ဇီဝဗေဒအချိန်။ ကျွန်တော်တို့ယောက်ျားလေးတွေရောက်နှင့် နေကြပြီး မိန်းကလေးတွေ ၀င်လာကြတယ်။ တစ်ယောက်ခြင်းဆီ သေသေချာချာ ကြည့်မိတာပေါ့။ တစ်ယောက်သောသူ။ ကျွန်တော ထူးထူးခြားခြားသတိထားမိတဲ့တစ်ယောက်ပေါ့။ တစ်ခါမှ စိုက်မကြည့်ဘူးတဲ့ အကြည့်တစ်ချို့ သူ့ဆီကိုပုံကြသွားတော့ သူ သတိထားမိသွားတယ်လေ။ ဒီလိုနဲ့ . . .

ကျွန်တော် မိန်းကလေးတစ်ယောက်ကို၊ တကယ်တော့ မိန်းကလေးတစ်ယောက်နဲ့ အကြည့်စုံပြိး ဒီလောက်အချိန်ကြာကြာ အပြန်အလှန် စိုက်ကြည့်ဘူးတာ အဲဒီအခေါက်က ပထမဆုံးဖြစ်သလို နောက်ဆုံးလဲဖြစ်ခဲ့ပါတယ်။ ထမင်းစားချိန်တွေမှာ မိဘတွေလာကြလို့ အပြင်မှာ တွေ့ကြတဲ့အချိန်တွေမှာ တစ်ယောက်နဲ့တစ်ယောက် စကားလုံးတွေမပါ မျက်ဝန်းတွေနဲ့ပျော်ခဲ့ကြတာပေါ့။

အဲဒီနေ့ည ကောင်းကင်ကြီးတစ်ခုလုံးငြိမ်သက်နေတယ်လေ။ ကျွန်တော်ကတော့ စာကျက်နေတဲ့ အာရုဏ်ရှိနေလေတော့ ဘာတွေဖြစ်နေတယ်ဆိုတာ သတိမထားမိဘူး။ အဆောင်ထဲမှာတော့ တစ်ချို့ကျောင်းသားတွေ ရှောက်ပေါင်းခွက်ပုန်းခုတ်နေကြလေရဲ့။ တော်တော်ကြီးညနက်လာတော့မှ ရုပ်ပျက်ဆင်းပျက်တွေ မြင်လိုက်ရတော့ သတိထားမိသွားတယ်။ သူတို့တွေ ခွက်ပုန်းခုတ်နေတဲ့အချိန်မှာ ကျွန်တော်တို့တစ်သိုက်ကတော့ ဂိုက်နားမှာ ၀ဲနေကြတယ်လေ။ ဂိုက်က အဖြေလွှာစာအုပ်တွေစစ်နေခဲ့တယ်။ ကျွန်တော်တို့က စာအုပ်တွေလိုက်ကြည့်ရင်း မိန်းကလေးစာအုပ်တွေကို စိတ်ဝင်တစ်စား လိုက်လှန်နေမိတယ်ပေါ့။ အဲ သူ့စာအုပ်ကို ကျွန်တော်အမှတ်မထင်လှန်လှော်ကြည့်မိရင်း နောက်ဆုံးစာမျက်နှာ အဖုံးကြားထဲမှာ ကဒ်ထူပြားလေးတစ်ခုကို (နောက်မှသိရတယ်- ကံဆိုးစွာ) တွေ့လိုက်မိတယ်။ တိုက်ဆိုင်စွာပဲ အဲလိုကဒ်ပြား တစ်ပုံစံထဲ ကျွန်တောသိမ်းထား မိထားတာတစ်ခုရှိခဲ့တယ်။ သူနဲ့ဒီလိုက်တိုက်ဆိုင်စွာ တူနေတဲ့အချက်ကို ကျွန်တောသဘောကြသွားပြီး ပြောပြချင်မိခဲ့တယ်လေ။ ဒါကို သိတဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်တော့် ကဒ်ပြားကို ယူပြီး အောက်ပါစာသားတွေကို ရေးထည့်ထားလိုက်လေသည်။

မင်းနဲ့ငါ ဒီလိုတိုက်ဆိုင်စွာ တူညီနေတာဟာ မင်းနဲ့ငါရဲ့ ရေစက် သို့မဟုတ် ၀ါသနာ ခံစားချက် ထပ်တူမှုတစ်ခုထဲပေါ့

ငါအရမ်းဝမ်းသာမိတယ်ကွာ

ဒါလေးပါပဲ။ တခြားမည်သည့် အပိုစာသား အဓိပါယ်တစ်ခုမျှမပါခဲ့ရိုးအမှန်ပါ။ ဒီလိုနဲ့ ဒီကဒ်ပြားနှစ်ခုကို သူ့စာအုပ်မှာ ညှပ်ပေးထားလိုက်၏။ နောက်နေ့မနက် မိန်းကလေးဆောင်မှ ဂိုက်မက ဆရာဆီကို တိုင်ကြားသံနောက်ပြီး ကျွန်တော့်ကို ခေါ်လေတော့သည်။ နောက်ပြီး . . .

အဲဒီနေ့က အရက်သောက်ပြီး ရှောက်ဘွဲရသော သူငယ်ချင်းများ(ဥပမာ- သွားခေါသူဆို ရှောက်ခေါ၊ စကားအပိုကြွားပြောသူကို ရှောက်ဖော၊ သူများပစ္စည်း လှုံသူကို ရှောက်လှုံ) နဲ့အတူ ကျွန်တောက စာခိုးပေးမှုနှင့် အရိုက်ခံလိုက်ရလေသည်။ ထိုအချိန်မှ စ၍ တစ်ကျောင်းလုံး တစ်မြို့လုံးတွင် ကျွန်တော်သည် . . .

ထိုအရာသည် ငယ်ငယ်ကတည်းကကျွန်တော့ရဲ့ နက္ခတ်ဖြစ်မည်ထင်သည်။ မိမိအမှားတစ်ခု သို့မဟုတ် မကောင်းသော မိမိမလုပ်ဘူးသည့် အရာများကို မည်မျှပင်းသေးငယ်စေကာမှု လုပ်မိသည်ဆိုလျှင် ဟိုလေးတစ်ကျော်ဖြစ်ခဲ့သည်ကြည်းဖြစ်သည်။

Categories: diary, personal

ကော်ဖီသောက်တဲ့မိုး

August 7, 2008 saooaime Leave a comment

ငါ ကော်ဖီတစ်ခွက် သောက်လိုက်တယ်

အနွေးဓါတ် ရမလားလို့ . . .

အတွင်းထဲမှာ စိမ့်အေးတက်တဲ့ငါ

ရေနွေးတစ်စတ်လောက်တောင် နွေးထွေးမှုမပေးတဲ့မင်းကြောင့်

ကော်ဖီကိုဘဲ နှစ်ခြိုက်စွာ ငါသောက်သုံးမိပေါ့ . . .

ငါ သိပ်ကြိုက်တဲ့မိုး

နေမထိုးဘူးပေါ့ လေတိုးရင်တောင်ငါမမှုဘူး

ရေတိုးတောင် ငါပျော်နိုင်သေးရဲ့

သိလား မိုးရွာထဲမှာ ရေချိုးရင်းဘောလုံးကန်ကျတာလေ . . .

မိုးသံမှာလေ အော်ဟစ်

ပြေးလွှားရင်း ချော်လဲ

ရွှံဗွက်တွေဗလပွနဲ့

ငါကန်တဲ့ဘောလုံးတောင် ကွင်းလယ်မှာ ချော်လဲနေခဲ့တာ

တဟားဟားနဲ့ပေါ့ ငါတို့ငယ်ငယ်တုံးက . . .

ချမ်းလာရင် စောင်ခြုံ

ကော်ဖီခွက်ကို လက်အုံပြီး

မျင်းမျင်းလေးသောက်

ရင်ထဲမှာနွေး စိတ်ထဲမှာကြည်နှုးမှုတွေ

ငါရခဲ့တာပေါ့

ငါကြိုက်တဲ့မိုး ပြန်ရောက်လာပြီဆိုလေ

အခုထိ ပျော်နေဆဲပေါ့

ဒီ . . .

မိုးရာသီမှာပဲ ငါ့အသက်ရှင်ခဲ့ရတာ

ဆိုပြေခဲ့ရတာ ရင်ခုန်ခဲ့ရတာလေ

ဒီ မိုးပဲပေါ့

ငါ့ကို ချမ်းစေခဲ့တာ

အရင်လို မိုးရေထဲမှာ

ပြေးလွှားလို့မဟုတ်

အရင်လိုမဟုတ် အရင်လိုမဟုတ်

မှန်အကြည်ထီးတစ်လက်ကို မိုးပြီး

မိုးစက်ကလေးတွေကို ထိုင်ကြည့်မိနေလို့လေ

ထီးက အပေါ်ကမိုးစက်ကိုကာကွယ်ပေမယ့်

လေပြေရဲ့ သယ်ဆောင်မှုကိုတော့

အလိုက်သင့် ခွင့်လွှတ်ခဲ့လေတော့

ငါ့မှာ စိုစွတ်မှုတွေနဲ့အတူ

ချမ်းစိမ့်လာခဲ့တာ ရင်တွေတုန်လာတဲ့အထိပေါ့

ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်တယ်

မှန်ပြတင်းကို ထိမှန်ကွဲကြေသွားတဲ့မိုးစက်အချို့

ငါ့ကိုမထိ

အရိပ်ငွေ့၏ လှုပ်ရှားမှုသဏ္ဍာန်

မင့်ပုံရိပ်တစ်ချို့

လက်နှစ်ဘက်မှ ကော်ဖီခွက်နံရံတို့ထိတွေ့မှု၏

နွေးထွေးမှု

ရင်ထဲသို့

ဖြေးညင်းစွားတိုးဝင်လာသော အနွေးဓါတ်တစ်ချို့

မင်းမဟုတ်ပါ။      ။

Categories: Love, Poems, diary, personal

အရံလူ

August 1, 2008 saooaime Leave a comment

“ဟာ . . . မင်းဟာကလည်းကွာ“

ကျွန်တော့်သူငယ်ချင်းက ပေါက်ပြီးထအော်သည်။

“ အဓိပါယ်မရှိဘူးကွ သူ့ ဘာသာသူ ဘယ် . . .“

“ဟေ့ကောင်တောပြီကွာ ဆက်မပြောနဲ့ တော့“

သူဆက်ပြောမည့်စကားကို ကျွန်တော် ဆက်နားမထောင်ချင်တော့။ လ္ဘက်ရည်ဆိုင်က သီချင်းသံ ပျံလွင့်လာသည်။ ကျွန်တော်မှိုင်ကျသွားသည်။ ဘေးကသူငယ်ချင်းဘာပြောသည်။ ပတ်ဝန်းကျင်မှ အသံများ၊ ဘာမှမသိတော့။ နားထဲမှာ သီချင်းစာသားတွေနဲ့ အတူ . .

´´ ရင်ထဲက ကိုယ့်ရဲ့ ဝေဒနာ ဘယ်လိုပဲ ဖြစ်ပါစေ . . မြိုသိပ်ပြီးသိမ်းထားလိုက်ပါမယ် . .

နေပါစေတော့ မင်းလေးကို ကိုယ်ဘယ်လောက်ချစ်တာ . . .´´

´´ဟေ့ကောင် ငါပြောနေတယ်လေကွာ´´

သူငယ်ချင်းက ကျွန်တော်ဖြစ်နေပုံကို မကြိုက်။

“စိတ်မြန်တယ်၊ ပြတ်သားတယ်၊ ငါသိထားတာ ဒီလိုပါကွ အခုတော့မင်းဟာက သူ့မှာ . . ´´

´´တော်ပြီလို့ပြောနေတယ်ကွာ´´

´´ဟေ့ကောင်တွေ မင်းတို့နှစ်ယောက်ဘာဖြစ်နေတာလဲ´´

မောင်မောင်နှင့် ကိုကျော်နှစ်ယောက် ထိုင်ခုံလွတ်နှစ်ခုကို ၀င်ထိုင်ရင်းပြောသည်။

´´ . . . .´´

လေပြေကတစ်ချက်ချက်ဝှေ့လာသည်။ သဘာဝ၏လေပြေမဟုတ်။ အင်းယားရေပြင်ပေါ်မှ အေးမြသော လေပြေမဟုတ်။ ဖြတ်သွားသော Bus ကား၏ ပူအိုက်ညစ်ထွေးသောလေပြေကို ကျွန်တော် မကြိုက်ပါ။ မြို့ထဲမှာ လဘ္ဘရည်ဆိုင်ထိုင်ရတာ။ Bus ကားစီးရတာ။ ကျွန်တော် မကြိုက်ပါ။ အနားကို အဘွားအိုကြီး တစ်ယောက် ကားခမရှိလို့ လာတောင်းသည်။ အကြွေ ငါးဆယ်ထည့်လိုက်သည်။ ကျွန်တော်မကြိုက်ပါ။

´´မင်းနားလည်ရင် ကိုယ့်စိတ်မှာ ကြေနပ်ပြီ . . . . .´´

ချစ်သူသည် လေမတိုက်သောနေရာတွင်ထိုင်နေသည်။ ဆူညံသံတို့အပြည့်။ အဘွားအိုကြီးတစ်ယောက် ညီးနေသလို။ လေထုသည် မည်သူ့ကိုမှ အားမပေး။ နေပူနေရာမှ ရုတ်တရက် မိုးသားတွေ မည်းတက်လာသည်။ သိပ်မကြာ သည်းကြီးမည်းကြီးရွာချသည်။ ကျွန်တော် မိုးရွာသီကို ကြိုက်သည်။ မိုးရွာထဲမှာ ဘောလုံးကန်ရတာ။ ပြေးရတာ။ အော်ရတာ။ ချမ်းလာရင် ကော်ဖီတစ်ခွက်နှင့် စောင်ထဲတွင် ကွေးပြီး စာဖတ်ရတာ။ ဒါကျွန်တော့ငယ်ဘ၀ တစ်စိတ် တစ်ပိုင်းလည်းဖြစ်သည်။ အခုလည်း . . .

´´၀င်းထက် မင်းဘာတွေ တွေးနေတာလည်း´´

မောင်မောင်က ပခုံးကိုလာပုတ်သည်

´´see“

ဒါကို အစောကတည်းမကြေနပ်သော ကျော်စံက ပခုံးနှစ်ဖက်ကိုတွန့်ပြီး တွေ့လားဆိုတဲ့ အထားနဲ့ ပြောသည်။ ကျွန်တော်ဂရုမစိုက်။ ဘေးနားမှာ ခေတ်မှီသော၊ ခေတ်ရှေ့ပြေးသော ဆယ်ကျော်တစ်သိုက် ဖြတ်သွားသည်။ စကားလွှဲဖို့ ကြိုးစားနေသော ကိုကျော်က ´´လန်းတယ်ကွာ´´

´´ရွှေအိုရောင်လေးကပိုမိုက်တယ်ကွ´´

မောင်မောင်က အားရပါးရပြုံးပြီး ပြောသည်။

´´ဟေ့ကောင် ၀င်းထက် မင်းမေ့လိုက်တော့ကွာ၊ တွေ့လား ပတ်ပတ်စက်စက်လှတာ။ အများကြီးပါကွာ´´ ကျော်စံ၏စကား။

´´. . . .´

´´စကားပြောအုံးလေကွာ´´

ကျွန်တောမကြိုက်ပါ။ နုတ်ခမ်းနီဆိုးထားသောကောင်မလေးကို ကျွန်တော်မကြိုက်ပါ။ ခေတ်ပေါ်နှင့် ပေါ်ခေတ် မသိသောမိန်းကလေးကို အမြင်ကတ်သည်။ သဘာဝမှာပင်ကိုအစွမ်းရှိသည်ဟု ကျွန်တော် ယုံကြည်သည်။ မိန်းကလေးတစ်ယောက်လှသည့်အလှသည် ဘိုမရုပ်တစ်ရုပ်ကိုထိုင်ကြည့်ရသလိုဆိုလျှင် ကျွန်တော့်နှလုံးသားကို ရောင်းပြီး ရွှေတဂုံဘုရားကို ရွှေချပြစ်မည်။

´´ကိုယ်အစွမ်းကို ကိုယ်မသိတဲ့၊ ကိုယ်အစွမ်းကိုဖျက်ဆီးပစ်တက်တဲ့ မိန်းမကို ဘယ်တော့မှ မျက်စောင်း နည့်တောင် မထိုးဘူးကွ´´

လေးလေးနက်ထွက်လာသော ကျွန်တော့်၏စကားကို သူငယ်ချင်းတွေ ကြောင်ပြီး ကြည့်နေသည်။

´လက်သည်းနီဆိုးတဲ့ မိန်းကလေး၊ တစ်ချိန်လုံးအလှပြင်ဖို့ပဲ စဉ်းစားနေတဲ့ မိန်းကလေးက အလကားပဲကွ´´

´ဒါ မင်း သက်သက် တယူသန်တာပါကွာ၊ မိန်းကလေးပဲ လှချင်လို့ဆိုးတာ ဘာဖြစ်လဲ´´ ကိုကျော်က ကျွန်တော့်အဆိုကို ကန့်ကွတ်သည်။

´ဒါကို ငါလက်ခံပါတယ်၊ ငါဆိုလိုတာက လွန်လွန်းတာကိုပြောတာ။ ဟေ့ကောင် ဒီမှာ လေကကြီးမှာ ဘယ်ပန်းမှ အလှမပြင်ဘူးကွ မင်းသိလား။ ဒါပေမယ့် လှတယ်နော်။ လူတွေတောင်မကဘူး ပိုးမွှားလေးတွေတောင် မိန်းမောရတဲ့အထိကွသိလား။ ငါတို့ယောက်ျားတွေ မှီခိုမှုကင်းတာ၊ ခေါင်းဆောင်နိုင်တာတွေ အဲဒီအချက်တွေလည်းပါတယ်ကွ။ အရောင်မှာ ပင်ကို စွမ်းရည်ရှိတယ်။ အဲလိုပဲ အမေမွေးကတည်းပါတဲ့ ငါတို့အရောင်မှာလည်း ကိုယ်ပိုင် အစွမ်းရှိတယ်ကွ။ ငါတို့နက်မှောင်တဲ့ဆံပင်၊ စူးရှတဲ့မျက်ဝန်း၊ ပန်းရောင်သန်းတဲ့လက်သည်းခွံ ဒါတွေပေါ့ကွ´´

´ဟား ဟား၊ ဒါတော့ငါလက်မခံဘူးဟေ့ကောင်။ အခုခေတ်က ယောက်ျားလေးလည်း လက်သည်းနီဆိုး တာပဲ၊ နားကပ်ဝတ်တယ်၊ ဆံပင်ဆိုးတယ်´

´ဒါကြောင့် အခြောက်တွေပေါတာပေါ့` ကျွန်တောစကားကို ကျော်စံ ဇပ်ပုသွားသည်။

`ဘုရင့်နောင် လည်သည်းနီမဆိုးဘူး၊ ဗိုလ်ချုပ် နုပ်ခမ်းမခြယ်ဘူး၊ နောက်ဆုံးကွာ Bill Gate ကွာ ဘာမှာမခြယ်ဘူး သူ့အစွမ်းကိုခြယ်တယ်ကွ` ဟုတ်ဟုတ်မဟုတ် ပတ်ကိုရမ်းပြစ်လိုက်သည်။ အကုန်လုံး ငြိမ်ကုန်ကြသည်။ သီအိုရီတွေအကုန်ထုတ်ပြစ်လိုက်သည်။ ကျွန်တော့် ခေါင်းထဲတွင်ဘာမှ မရှိတော့တဲ့အထိ ကျွန်တော်ထုတ်ပြစ်သည်။ လက်ရွေးစင်ရဲ့ ကော်ဖီနံ သင်းပျံလာသည်။ လေပြေအေးအေးလေးကို ကျွန်တော်ခံစားမိသည်။ မိုးကဖွဲဖွဲလည်းကျတုန်း။ လူငယ်ဘ၀က အရောင်စုံသည်။ ကျွန်တော့်သူငယ်ချင်းတွေလည်းအရောင်စုံသည်။ သို့သော် ကိုယ့်အနာဂတ်အတွက် အရောင်ကို ကိုယ်တိုင်ခြယ်ကြမည့် လူငယ်တွေဖြစ်သည်။ ထိုအရောင်သည် ကိုယ်ပိုင်အရောင်။ ကျွန်တော်တို့မှာ ကိုယ်ပိုင်အစွမ်းရှိသည်၊ ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိသည်။ ဒီလို သူငယ်ချင်းတွေ ငြင်းခုန်တက်ကြပေမယ့်။ ထိုအတွက် မိမိဘ၀ကို ဖျက်ဆီးမည့်သူ တစ်ယောက်မှမပါ။ လူငယ်တွေဖြစ်သည့်အလျောက် နှလုံးသားခံစားချက်ကိုယ်စီရှိကြသည်။ မနစ်မြော မနှစ်မြုပ်။ ဘ၀ကို ပုံဖော်တဲ့နေရာမှာ မထည့်သွင်း။ ကျွန်တော့်မှာလည်း ကျွန်တော်ချစ်တဲ့သူတစ်ယောက်ရှိသည်။ ကျွန်တော့် အိမ်မက်ထဲက အရောင်တွေနဲ့မင်းသမီးလေးပေါ့။ အပြင်အဆင်မရှိ သဘာဝ၏ ပန်းလေးလိုလှသည်။ ကျွန်တော့်ကို အားပေးသည်။ ထောက်ပံသည်။ နားလည်သည်။ တကယ်တော့် ထိုပန်းသည် သူ့အခိုင်နဲ့သူ လှပနေပါသည်။ ပျော်နေပါသည်။ အရောင်တွေသည်အိမ်မက်ထဲမှာပါပဲလေ။ အရောင်တစ်ချိ့သာ လင်းလက်လာသည်။ အမေ အဖေ၊ ညီမလေးတွေနှင့် ကျွန်တော့ပတ်ဝန်းကျင် ထဲတွင်ဖြစ်သည်။ ထိုအရောင်တွေသည်တောက်ပလွန်းသည်။ ရုပ်တရက် မျက်လုံးကျိန်းသွားသည်အထိ လင်းလက်သည် တောက်ပသည်။ သို့သော် အေးမြသည်။ ခွန်အားရှိသည်။ ထိုအရောင်ကို ကျွန်တော် ထိန်သိမ်းမည်။ တောက်ပစေမည်။

အာရုဏ်ဦး နေခြည်သွေး

နံနက်ခင်း လေပြေမှာ

ရေခြည်ဖြာ မိုးဥတု

မြေသင်းနံ အအေးဓာတ်ကို ငါရတယ်

အရှေ့ရပ်မှာ

ဝါ၊ ဖြူ၊ ပြာ၊ နီ ရောင်စဉ်တန်း

ငါ့လျှောက်တဲ့လမ်းပေါ် ဖြာအကျ

ယုံကြည်ချက် လေပြေကို ငါရတယ်

ငါရတယ် အပြုံးနုနုလေးကို

ငါရတယ် စိတ်ကူးချိုချိုတွေကို

ငါရတယ် မိုးစက်လေးတွေကို

တစ်ခုပဲ

ငါမရဘူး စူးရှတဲ့မင်းအကြည့်

ငါတမ်းတရင်း ဆက်လှမ်းနေမယ် . . .

Categories: Idea, Love, diary, life, personal

အပိုင်း 2

July 24, 2008 saooaime Leave a comment

ဒီလိုနဲ့ သူနဲ့ တင်မကဘူး သူ့အိမ်နဲ့ပါရင်းနှီးလာတာဗျ။ သူကလည်း အိမ်ကို လိုက်လည်တယ်။ အမေကဆို အရမ်းသဘောကြတာ။ ချစ်စရာလေးဆိုပြီးပေါ့။ ညီမနှစ်ယောက်ကတောင် သဘောတူတယ်ဆိုပဲ။ ကျွန်တော်တို့ကျူရှင်က ကျောင်းမသွားခင် 7 နာရီမှာလည်း တစ်ချိန်ရှိသေးတယ်။ ကျူရှင်ပြီးလို့ ကျောင်းသွားဖို့ပြင်ပြီဆို သူက အတင်းကိုတားတာ။ သူနဲ့ အတူတူသွားပေါ့။ ကျောင်းအ၀င်မှာ ကောင်ကလေးတွေကစလို့တဲ့။ ကျွန်တော်ကလည်း မရဘူး ဘာမှ မဖြစ်ပါဘူးဆိုပြီး အတင်းကို သွားတာ။ ဘာလို့လဲမသိဘူး ရှက်ကိုရှက်တက်တာ။ ဘယ် ကောင်မလေးတစ်ယောက်နဲ့ အတူတူလမ်းလျှောက်သွားတယ် ဆိုတာ ရာဇ၀င်မှ မရှိခဲ့ဘူးတာ။ အဲလို . .

ကျောင်းပိတ်ရက်တစ်ရက်။ ကျူရှင်က ဆင်းပြီ။ သူက ကမ်းနားက သူ့အဒေါ်အိမ်သွားမလို့ဆိုပြီး ကျွန်တော့ကိုခေါ်တာ။ ရှမ်းမ သဲသဲ လည်းပါသားနဲ့ သွားပေါ့ကိုယ့်ဖာသာကို ဟုတ်တယ်မဟုတ်လား။ အတင်းကိုမရမကခေါ်တော့တာ။ ဒါနဲ့ လိုက်သွားရရော။ ကျွန်တောက ခပ်ဝေးဝေးက နင်းတယ်။ ဒါကို ဘာဖြစ်တာလဲ အတူတူသွားမယ်ဆိုပြီးတော့ အော်သေးတာ။ ကျွန်တော်ကရှက်တာကို။ နောက်ခဏနေတော့ ရှမ်းမကို တင်နင်းဖို့ပြောတယ်။ ပြောတယ်တာ ပြောတာ။ ရှမ်းမက အနောက်ကိုရောက်နေပြီ။ သူက၀တော့ ၀ိုက်က လေးတယ်။ ဒါပေမယ့် ကျွန်တော်က အဲလောက်တော့ အသာလေးရယ်။ သူ့ထက်လေးတဲ့ ဆရာမကိုတောင်တင်နင်းလာတာ။ ဒါပေမယ့် သိတယ်မဟုတ်လား ဟန်ဆောင်ပြီး မနိုင်ဘူး ဘာဘူး ပြောပြီး အတင်းဆင်းခိုင်းတာ။ အပြန်ကြအတင်းကို ပြန်မယ်လုပ်တာ။ သူက အိမ်အထိလိုက်ပို့စေချင်တာ။ လဘ္ဘက်ရည်ဆိုင်ရှေ့ဖြတ်သွားရမှာ မိန်းကလေးနှစ်ယောက်ထဲ ဆိုပြီးတော့။ ကျွန်တောကလည်း ဘာဖြစ်လဲရပါတယ်ဆိုပြီးအတင်းကို နင်းပြေးတာ။ စိတ်ဆိုးပြီးကို ကျန်ခဲ့ရော။

တစ်နေ့ သချာင်္ပုဒ်စာအသစ်တစ်ပုဒ်ကို ဆရာမက တွက်ခိုင်းတယ်။ ပုဒ်စာက ဆရာမယူလာတဲ့စာအုပ်ထဲကဆိုတော့ တစ်အုပ်ထဲပါတာ။ကော်ပီ တစ်စုံ လည်းပါတယ် ဆရာမသင်ဖို့။ ဒါနဲ့ ခေါင်းချင်းဆိုင်ပြီးကို ကြည့်ရတာ။ ကျွန်တော် ဘေးက သဲသဲ။ နောက်ပြီးမေသော်၊ ရဲသူအောင်က ဆရာမနဲ့ကြည့်တယ်။ သဲသဲက ဒီဘက်တိုး ဆိုပြီးကြည့်ခိုင်းတာကို မရဲတရဲနဲ့ တိုးတာပေါ့။ ဒါနဲ့ ထအော်တယ် အောင်မာ ယောက်ျားလေးက ပိုနေတာ ဆိုပြီးတော့။ အဲဒီတုန်းကလေ မေသော် က ဘယ်နှနရီရှိပြီလဲ ဆိုပြီး နာရီကို လှမ်းကိုင်တာ လက်ကို ထိမိတာ အေးခနဲပဲ။ အခုပြန်စဉ်းစားရင် အခုရင်ခုန်တယ်။ ကိုင်း အဲလို။

ဒီလိုနဲ့ 8 တန်းတွေအောင်ပြီး။ 9 တန်းတက်တော့ သူ့ဆီမှာ မတက်တော့ဘူး။ အော် တစ်ခုပြောဖို့မေ့နေတာ ကျူရှင်က ၀ိုင်းခေါ်တာ။ သူ့အိမ်က လုပ်တာပေါ့။ အဲတော့ 9 တန်းကျ သူငယ်ချင်းအရင်းကြီးတွေ မိုးဇော်မင်းတို့ အောင်ကျော်စံတို့ နဲ့ ပြောင်းတက်ကြတာ။ အဲဒီမှာ သူ ဒေါသတွေကို ထွက်လို့ အိမ်ကိုတောင်လာတိုင်တဲ့အထိ။ မရဘူး ကျွန်တော်ကလည်း စာနဲ့ အချစ်နဲ့ ခွဲခြားတက်တယ်လေ။(ဟဲ ဟဲ) နောက်ပိုင်း. . . 10 တန်းပြီးတော့ တခြားမြို့တစ်မြို့ကို သူ့အဖေနဲ့ အတူပြောင်းသွားတယ်ဆိုပါတော့။

တစ်ခါတစ်လေ ရှားပါတယ် သူပြန်လာတက်တယ်။ ကျောင်းပိတ်တဲ့ အချိန်လေ။ သူက law ယူထားတာ။ နဂိုကမှ စကားကတက်တာ ဒီဘာသာပါ ယူလိုက်တော့ပြီးရော။ သူပြန်လာတာကြားရင်သွားတွေ့ပြီး စကားတွေအကြားကြီး ပြောဖြစ်ကြတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ နောက်တစ်ယောက်အတွက် အရှက်ကွဲပြီးပြီ။ ပြောပြသေးတာပေါ့ . .

Categories: diary, personal

ကျွန်ုပ်၏ တစ်ဘ၀စာ ညံတမ်း

July 24, 2008 saooaime Leave a comment

အဲဒီတုန်းက ကျွန်တော် 8 တန်း ကျူ ရှင်အသစ်တစ်ခုကို အသိဆရာတစ်ယောက်ကြောင့် ရောက်ခဲ့တယ်ဗျ။ အဲဒီမှာ ကျွန်တော်ရယ် နောက်ထက်ယောက်ျားလေးတစ်ယောက် ကောင်းမလေးနှစ်ယောက် ပေါင်း 4 ရောက်ပေါ့။ ကျွန်တော်က ကျွန်တော့ ၀သီအတိုင်း မခင်သေးရင်စကားသိပ်မပြောဘူးဗျ။ နောက်ပြီး ကျွန်တော် 10 တန်းပြီးတဲ့အထိ မိန်းကလေးတွေနဲ့  ဟက်ဟက်ပတ်ပတ် စကားမပြောဘူး(ဟဲ ဟဲ – ကြောက်ထာလဲပါမယ်) ဒါကြောင့် ကျွန်တော်တို့ ယောက်ျားလေးနှစ်ယောက်ကတစ်တွဲတွဲပေါ့။ အဲဒီမှာ ခင်လာတော့ သူလေးကပြောတယ် `နင်က မာနတော်တော်ကြီးတယ်တဲ့ အရင်တုန်းက ငါတို့ ကို စကားမပြောချင်ဘူး´တဲ့။ အာ ဆောရီးဗျာ ကျွန်တော်လေသွားတယ်။

ပထမဆုံး သူငယ်ချင်းတွေနဲ့ အရင်မိတ်ဆက်ပေးသင့်တာ။ ကျွန်တော်နဲ့ တွဲတဲ့ကောင်က ရဲသူအောင်တဲ့၊ သူနဲ့ နောက်တဲ့တစ်ယောက်က ရှမ်းလေးဗျ ကျူရှင်ရှေ့ ကိုပြောင်းလာတာ ဒီနှစ်မှ။ သူ့ နာမည်က သဲသဲတဲ့။ နာမည်အရင်းတော့မမှတ်မိတော့ဘူး။ နောက်တစ်ယောက် နောက်ဆုံးတစ်ယောက်။ သူပေါ့။ နာမည်က မေသော်ဇင် တဲ့။ လှတယ် အရမ်းလှတယ်။ လှတာမှ သူ့ ကို ထက်ထက်မိုးဦးလို့ ကို တင်စားထားတာ။ ထက်ထက်မိုးသီးအတိုင်းပဲ အသားအရည် အချိုးအစား။ အသံ။ နောက်ဆုံးဗျာ အမှုအရာ ဟန်ပန်ကအစ။ တစ်ချို့ ဘော်ဒါတွေက ဆွေးနွေးပါတယ် မင်အထင်ပါကွာတဲ့။ ကျွန်တော်ကတော့ မရဘူး တူတယ်ဆို တူတယ်ဘဲ။ ဟုတ်တယ်မဟုတ်လား သူတို့ တူဘို့ မလိုဘူးလေဗျာ။

ဒီလိုနဲ့ ကျောင်းတွေဖွင့်ကြတယ်ပေါ့။ သူက Queen တွေထဲကတစ်ယောက်ပေါ့။ ဒါပေမယ့် သူမှာရည်းစားမရှိတာရယ်။ နောက်ပြီး အနေလည်းတည်တယ်ဗျ။ အချိန်ပြောင်းချိန်ဆိုရင် သူနဲ့ သဲသဲနဲ့  ကျွန်တော်တို့ ဆီလာပြီး မုန့် စားဖို့ခေါ်ပြီ။ ရဲသူအောင်နဲ့ ကျွန်တော်က တစ်ခန်းတည် B ခန်းမှာ။ သူက A ခန်း။ သူကဒီလို တစ်ခါမှ မလုပ်ဘူးတာရယ် ကျွန်တော်သူ့ ကိုချစ်နေတယ်ဆိုတာ သူငယ်ချင်းတွေ သိနေတာရယ်ကြောင့် ကျောင်းမှာဆို ကျွန်တော်တို့ နှစ်ယောက်စကြတယ်။ ဒါပေမယ့် ကျွန်တော်ဆိုတဲ့ကောင် ညံတာပြေပါတယ်။ တုံးတယ်ပေါ့ဗျာ။ ကျွန်တော်ကသိတယ်မဟုတ်လား ကောင်းမလေးတွေနဲ့ ဆိုခတ်တည်တည်ပဲ။ တစ်ယောက်မှ ကို စကားကောင်းကောင်းပြန်ပြောတာမဟုတ်ဘူး။ သူ့ ကိုဆိုလဲ ကျူရှင်မှာတာ စကားပြောတာ။ ကျောင်းဆို မျက်နှာချင်းဆိုင် ဖြတ်လျှောက်သွားတောင် နှုတ်မဆက်ဘူး။ အဲလိုတုံးတာ။

ဆက်ပါဦးမည် –

Categories: diary, personal

ကျွန်ုပ်၏ တစ်ဘ၀စာ ညံတမ်း

July 24, 2008 saooaime Leave a comment

အဲဒီတုန်းက ကျွန်တော် 8 တန်း ကျူ ရှင်အသစ်တစ်ခုကို အသိဆရာတစ်ယောက်ကြောင့် ရောက်ခဲ့တယ်ဗျ။ အဲဒီမှာ ကျွန်တော်ရယ် နောက်ထက်ယောက်ျားလေးတစ်ယောက် ကောင်းမလေးနှစ်ယောက် ပေါင်း 4 ရောက်ပေါ့။ ကျွန်တော်က ကျွန်တော့ ၀သီအတိုင်း မခင်သေးရင်စကားသိပ်မပြောဘူးဗျ။ နောက်ပြီး ကျွန်တော် 10 တန်းပြီးတဲ့အထိ မိန်းကလေးတွေနဲ့  ဟက်ဟက်ပတ်ပတ် စကားမပြောဘူး(ဟဲ ဟဲ – ကြောက်ထာလဲပါမယ်) ဒါကြောင့် ကျွန်တော်တို့ ယောက်ျားလေးနှစ်ယောက်ကတစ်တွဲတွဲပေါ့။ အဲဒီမှာ ခင်လာတော့ သူလေးကပြောတယ် `နင်က မာနတော်တော်ကြီးတယ်တဲ့ အရင်တုန်းက ငါတို့ ကို စကားမပြောချင်ဘူး´တဲ့။ အာ ဆောရီးဗျာ ကျွန်တော်လေသွားတယ်။

ပထမဆုံး သူငယ်ချင်းတွေနဲ့ အရင်မိတ်ဆက်ပေးသင့်တာ။ ကျွန်တော်နဲ့ တွဲတဲ့ကောင်က ရဲသူအောင်တဲ့၊ သူနဲ့ နောက်တဲ့တစ်ယောက်က ရှမ်းလေးဗျ ကျူရှင်ရှေ့ ကိုပြောင်းလာတာ ဒီနှစ်မှ။ သူ့ နာမည်က သဲသဲတဲ့။ နာမည်အရင်းတော့မမှတ်မိတော့ဘူး။ နောက်တစ်ယောက် နောက်ဆုံးတစ်ယောက်။ သူပေါ့။ နာမည်က မေသော်ဇင် တဲ့။ လှတယ် အရမ်းလှတယ်။ လှတာမှ သူ့ ကို ထက်ထက်မိုးဦးလို့ ကို တင်စားထားတာ။ ထက်ထက်မိုးသီးအတိုင်းပဲ အသားအရည် အချိုးအစား။ အသံ။ နောက်ဆုံးဗျာ အမှုအရာ ဟန်ပန်ကအစ။ တစ်ချို့ ဘော်ဒါတွေက ဆွေးနွေးပါတယ် မင်အထင်ပါကွာတဲ့။ ကျွန်တော်ကတော့ မရဘူး တူတယ်ဆို တူတယ်ဘဲ။ ဟုတ်တယ်မဟုတ်လား သူတို့ တူဘို့ မလိုဘူးလေဗျာ။

ဒီလိုနဲ့ ကျောင်းတွေဖွင့်ကြတယ်ပေါ့။ သူက Queen တွေထဲကတစ်ယောက်ပေါ့။ ဒါပေမယ့် သူမှာရည်းစားမရှိတာရယ်။ နောက်ပြီး အနေလည်းတည်တယ်ဗျ။ အချိန်ပြောင်းချိန်ဆိုရင် သူနဲ့ သဲသဲနဲ့  ကျွန်တော်တို့ ဆီလာပြီး မုန့် စားဖို့ခေါ်ပြီ။ ရဲသူအောင်နဲ့ ကျွန်တော်က တစ်ခန်းတည် B ခန်းမှာ။ သူက A ခန်း။ သူကဒီလို တစ်ခါမှ မလုပ်ဘူးတာရယ် ကျွန်တော်သူ့ ကိုချစ်နေတယ်ဆိုတာ သူငယ်ချင်းတွေ သိနေတာရယ်ကြောင့် ကျောင်းမှာဆို ကျွန်တော်တို့ နှစ်ယောက်စကြတယ်။ ဒါပေမယ့် ကျွန်တော်ဆိုတဲ့ကောင် ညံတာပြေပါတယ်။ တုံးတယ်ပေါ့ဗျာ။ ကျွန်တော်ကသိတယ်မဟုတ်လား ကောင်းမလေးတွေနဲ့ ဆိုခတ်တည်တည်ပဲ။ တစ်ယောက်မှ ကို စကားကောင်းကောင်းပြန်ပြောတာမဟုတ်ဘူး။ သူ့ ကိုဆိုလဲ ကျူရှင်မှာတာ စကားပြောတာ။ ကျောင်းဆို မျက်နှာချင်းဆိုင် ဖြတ်လျှောက်သွားတောင် နှုတ်မဆက်ဘူး။ အဲလိုတုံးတာ။

ဆက်ပါဦးမည် –

Categories: diary, personal

ချစ်သူ

July 7, 2008 saooaime Leave a comment

တစ်ခါတရံမှာ တစ်ခုခုကို လွမ်းနေသလို၊ သတိရနေသလို၊ တမ်းတမိနေသလို၊ ဟာသတစ်ခုကို သွားပြီးသတိရမိတယ် . .

ဘာလို့မှန်းမသိ ဘာကိုမှန်းမသိ၊ ဘယ်သူ့ ကိုမှန်းလည်းမသိ၊ ဘယ်ကိုမှန်းလည်းမသိ ပဲ လွမ်းရတာ

ဘယ်လောက်လွမ်းဘို့ကောင်းလိုက်သလဲကွာ တဲ့

ရေသောက်မြစ်တွေ ကမ္ဘာမြေကြီးအတွင်းထဲကို ငုတ်လျိုးပျောက်ကွယ်သွားသလို ငါ လည်းပျောက်ကွယ်သွားနေပြီလား? တကယ်တော့

ရေသောက်မြစ်တွေက ပျောက်ကွယ်သွားတာမဟုတ်ဘူးရှင်သန်ကြီးထွားမှုအတွက် ခြေကုတ်ယူကြတာမဟုတ်လား၊

ဘာမဆိုင်ညာမဆိုင်ငါ့ အချစ်ကရော။ ထားပါတော့ လေတိုက်တာသစ်ရွက်ကြွှေဘို့ မဟုတ်ပေမယ့်  လေတိုက်လို့ တော့

သစ်ရွက်တွေမြေမှာ ဗလပွ။ ဘာပဲဖြစ်ဖြစ်ပေါ့ လေပြေကြောင့် ငါတို့ အေးမြမှု၊ သန့် ရှင်းမှုတို့ကြောင့် ခွန်အား ငါတို့ ရခဲ့ကြတာမဟုတ်လား။

ချစ်သူ လေပြေလိုတိုက်ခတ်မှုကြောင့် ကြွှေကျ ခဲ့တဲ့ငါ သန့် ရှင်းနှုးညံ့ မှုရဲ့ ခွန်အားနဲ့  ငါအသက်ရှင်နေမယ်။ တကယ်တော့ ချစ်သူက ငါကို

ဖြုတ်ချ ကြွှေကျစေခဲ့တာ သက်သက်မဟုတ်ပါဘူး ခြေချရှင်သန်နေစေခြင်တာလေ။ သရက်သီးမှည့်လိုရင့်မှည့်မှုမျိုးနဲ့ ပုတ်ပွ မြေခတာကို

မမြင်စေချင်ဘူးတဲ့။ ရင့်မှည့် ရှင်သန်ပြီး ကမ္ဘာမြေပေါ်မားမားရပ်တည်စေချင်တာ။ ချစ်သူ ဒီလိုနဲ့ ငါဟာ . . .

Categories: Love, diary, personal

ဟားတိုက်ရယ်ခံရသော နှလုံးသား

June 5, 2008 saooaime Leave a comment

ငါ့ရဲ့နှလုံးသား ရက်စက်စွာ ဟားတိုက်ရယ်ခံလိုက်ရတယ် သူငယ်ချင်း

ငါ အရမ်းချစ်ခဲ့တာပါ။ အရမ်းမြတ်နိုး တန်ဖိုးထားတဲ့ မိန်းကလေးတစ်ယောက်က ငါ့ကို လှောင်ရယ်လိုက်သလိုခံစား လိုက်ရတဲ့နာကျင်မှု မင်းခံစားဘူးသလား? ငါ့ နှစ်ချိုက်စွာ မော့ကြည့်ခဲ့တဲ့ အပြာရောင်ကောင်းကင်ကြီးဟာ ဟန်ဆောင်ထားတဲ့ လေဟာနယ် ဗလာကြီးဆိုတာ သိလိုက်ရတော့ ငါ သိပ်ကြေကွဲဝမ်းနည်းမိတယ်။ ချစ်သူ မင်းရက်စက်တယ်ကွာ ရက်စက်တယ် . . .