Archive

Archive for the ‘life’ Category

အကျတစ်ချက်

August 9, 2009 saooaime Leave a comment

စနစ်တကျ မတက်လှမ်းခဲ့တော့
ခြေတစ်ချက် အချော်မှာ
ငါ ပြုတ်ကျခဲ့တယ်
ဒါပေမယ့် တော်သေးတယ်
ဖင်ထိုင်ရက် ကျလို့

Categories: life

မုံရွာသို့အလွမ်း

August 14, 2008 saooaime Leave a comment

ကျွန်တော့ဇာတိချက်မြုပ်ရာ မုံရွာနှင့် ဝေးကွာခဲ့သည်မှာ ၈ နှစ်ခန့်ရှိခဲ့ပေပြီ။ အခုလို ချင်းတွင်းမှာ မုံရွာရဲ့ အငွေ့အသက်တွေရရှိခဲ့တဲ့အတွက် ချင်းတွင်းကို ဖန်တီးခဲ့ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်။ ကျွနုပ်၏ မုံရွာအလွမ်းကို ဒီနေရာမှာ ဖွင့်ခွင့်ပြုစေချင်ပါသည်။
(၁)
ကျွန်တော့နေရပ်က ရုံးကြီးရပ်၊ ချင်းတွင်းမြစ်နှင့် လက်တစ်ပြတွင်ရှိသည်။ တာရိုးကြီး၏ ကတ္တရာလမ်းမ တစ်ဘက်တွင် ဆောက်လုပ်ရေးရုံးရှိ၏။ ရုံးဝန်းထဲတွင် ကျွန်တော်အမြတ်နိုးဆုံးအိမ်ကျွန်တော့တစ်သက်တာ တသသလွမ်းနေမည်ဖြစ်သောအိမ်။ ကျွန်တော့ ကလောင်နံမည်ကို စဦးအိမ်ဟု ပေးရခြင်းသည်လည်း ထိုအိမ်ကိုလွမ်းသောကြောင့် တမ်းတသောကြောင့် ဖြစ်သည်။ ထိုအိမ်သည် ဝေဠုဝန်လမ်းဟုခေါ်၍ ကလေး၊ ခွေး အလွန်ပေါသောလမ်းပေါ်တွင်ဖြစ်သည်။ ငယ်ငယ်တုန်းက ကျွန်တော်တို့ပြေးလွှားဆော့ကစားနေကြစဉ် ကလေးများနှစ်သက်ရာ လျှက်စားသည် လာလေ့ရှိသည်။ လျှက်စား တစ်ထုပ် 15 ပြား ဆိုသော အသံကြားလျှင် အလုအရက် လက်ဝါးဖြန့်ကြသည့် အထဲတွင် ကျွန်တော်လည်းပါသည်။ လျှက်ဆားသည်ကြီးကလည်း `ဟ ဒီလမ်းက ကလေးပေါလှချည်လား` ဆိုပြီး အံသြရသည်အထိဖြစ်သည်။
`လက်ဝါးတွေဖြန့်ရင် လျှက်ဆားတွေရမယ်နော် လျှက်ဆား´
ထိုအသံကိုတမ်းတဆဲ။ ကျွနုပ်၏အိမ်သည် ၀န်ထမ်းအိမ်ဖြစ်သည့်အလျှောက် နှစ်အိမ်ပူးထားသော ၀န်းထရံကာ သစ်သားအိမ်မျိုးဖြစ်သည်။ ကမ်နားရပ်ကွက်လည်းဖြစ်သည့်အလျောက် ခြေတိုင်အိမ်ရှည်အမျိုးအစားဖြစ်သည်။ လမ်းထဲတွင် ကျွနုပ်၏ အိမ်ရှေ့မြေပြင်ကျယ်သည် ကလေးများ ဆော့ကစားရာ ကစားကွင်းအဖြစ်တည်ရှိနေခဲ့သည်။ အိမ်ရှေ့တည်တည့်တွင် ကုက္ကိုပင်ကြီးရှိသည်။ ထိုကုက္ကိုပင်ကြီးသည် အခုထိ ကျွနုပ်ရင်တွင်းရှိ အထိမ်းအမှတ်အပင်တစ်ပင်လည်းဖြစ်သည်။ ထိုအပင်အောက် ဆော့ကစားခဲ့သည်များကို အမှတ်ရတမ်းတမိနေဆဲ။ အမြဲရှောက်ခဲ့တဲ့ တာရိုးပေါ်က လမ်းတွေပေါ်မှာ ကျွန်တော့ခြေရာလေးတွေရှိသေးရဲ့လား။ ချစ်တွင်းမြစ်ပြင်ကြီး အချိန်မဲ့ထိုင်ကြည့်နေဖို့ကျွန်တော့မှာအခွင့်မရှိတော့ဘူးလား။ ဒါတွေကိုတစ်နေ့ ကျွန်တောပြန်ယူမည်။ ကျွန်တောပြန်လာမည်။ သို့သော် ပြန်မလာနိုင်မှီ ထိုအမှတ်တရ များကို ချင်းတွင်းမှာ တမ်းတခွင့်ပြုမည်ဆိုလျှင် . . .

www.chintwin.com forum တွင် ကျွန်တော်ရေးခဲ့သည်များကို မှတ်တမ်းတင်ပါသည်

Categories: diary, life, personal

အရံလူ

August 1, 2008 saooaime Leave a comment

“ဟာ . . . မင်းဟာကလည်းကွာ“

ကျွန်တော့်သူငယ်ချင်းက ပေါက်ပြီးထအော်သည်။

“ အဓိပါယ်မရှိဘူးကွ သူ့ ဘာသာသူ ဘယ် . . .“

“ဟေ့ကောင်တောပြီကွာ ဆက်မပြောနဲ့ တော့“

သူဆက်ပြောမည့်စကားကို ကျွန်တော် ဆက်နားမထောင်ချင်တော့။ လ္ဘက်ရည်ဆိုင်က သီချင်းသံ ပျံလွင့်လာသည်။ ကျွန်တော်မှိုင်ကျသွားသည်။ ဘေးကသူငယ်ချင်းဘာပြောသည်။ ပတ်ဝန်းကျင်မှ အသံများ၊ ဘာမှမသိတော့။ နားထဲမှာ သီချင်းစာသားတွေနဲ့ အတူ . .

´´ ရင်ထဲက ကိုယ့်ရဲ့ ဝေဒနာ ဘယ်လိုပဲ ဖြစ်ပါစေ . . မြိုသိပ်ပြီးသိမ်းထားလိုက်ပါမယ် . .

နေပါစေတော့ မင်းလေးကို ကိုယ်ဘယ်လောက်ချစ်တာ . . .´´

´´ဟေ့ကောင် ငါပြောနေတယ်လေကွာ´´

သူငယ်ချင်းက ကျွန်တော်ဖြစ်နေပုံကို မကြိုက်။

“စိတ်မြန်တယ်၊ ပြတ်သားတယ်၊ ငါသိထားတာ ဒီလိုပါကွ အခုတော့မင်းဟာက သူ့မှာ . . ´´

´´တော်ပြီလို့ပြောနေတယ်ကွာ´´

´´ဟေ့ကောင်တွေ မင်းတို့နှစ်ယောက်ဘာဖြစ်နေတာလဲ´´

မောင်မောင်နှင့် ကိုကျော်နှစ်ယောက် ထိုင်ခုံလွတ်နှစ်ခုကို ၀င်ထိုင်ရင်းပြောသည်။

´´ . . . .´´

လေပြေကတစ်ချက်ချက်ဝှေ့လာသည်။ သဘာဝ၏လေပြေမဟုတ်။ အင်းယားရေပြင်ပေါ်မှ အေးမြသော လေပြေမဟုတ်။ ဖြတ်သွားသော Bus ကား၏ ပူအိုက်ညစ်ထွေးသောလေပြေကို ကျွန်တော် မကြိုက်ပါ။ မြို့ထဲမှာ လဘ္ဘရည်ဆိုင်ထိုင်ရတာ။ Bus ကားစီးရတာ။ ကျွန်တော် မကြိုက်ပါ။ အနားကို အဘွားအိုကြီး တစ်ယောက် ကားခမရှိလို့ လာတောင်းသည်။ အကြွေ ငါးဆယ်ထည့်လိုက်သည်။ ကျွန်တော်မကြိုက်ပါ။

´´မင်းနားလည်ရင် ကိုယ့်စိတ်မှာ ကြေနပ်ပြီ . . . . .´´

ချစ်သူသည် လေမတိုက်သောနေရာတွင်ထိုင်နေသည်။ ဆူညံသံတို့အပြည့်။ အဘွားအိုကြီးတစ်ယောက် ညီးနေသလို။ လေထုသည် မည်သူ့ကိုမှ အားမပေး။ နေပူနေရာမှ ရုတ်တရက် မိုးသားတွေ မည်းတက်လာသည်။ သိပ်မကြာ သည်းကြီးမည်းကြီးရွာချသည်။ ကျွန်တော် မိုးရွာသီကို ကြိုက်သည်။ မိုးရွာထဲမှာ ဘောလုံးကန်ရတာ။ ပြေးရတာ။ အော်ရတာ။ ချမ်းလာရင် ကော်ဖီတစ်ခွက်နှင့် စောင်ထဲတွင် ကွေးပြီး စာဖတ်ရတာ။ ဒါကျွန်တော့ငယ်ဘ၀ တစ်စိတ် တစ်ပိုင်းလည်းဖြစ်သည်။ အခုလည်း . . .

´´၀င်းထက် မင်းဘာတွေ တွေးနေတာလည်း´´

မောင်မောင်က ပခုံးကိုလာပုတ်သည်

´´see“

ဒါကို အစောကတည်းမကြေနပ်သော ကျော်စံက ပခုံးနှစ်ဖက်ကိုတွန့်ပြီး တွေ့လားဆိုတဲ့ အထားနဲ့ ပြောသည်။ ကျွန်တော်ဂရုမစိုက်။ ဘေးနားမှာ ခေတ်မှီသော၊ ခေတ်ရှေ့ပြေးသော ဆယ်ကျော်တစ်သိုက် ဖြတ်သွားသည်။ စကားလွှဲဖို့ ကြိုးစားနေသော ကိုကျော်က ´´လန်းတယ်ကွာ´´

´´ရွှေအိုရောင်လေးကပိုမိုက်တယ်ကွ´´

မောင်မောင်က အားရပါးရပြုံးပြီး ပြောသည်။

´´ဟေ့ကောင် ၀င်းထက် မင်းမေ့လိုက်တော့ကွာ၊ တွေ့လား ပတ်ပတ်စက်စက်လှတာ။ အများကြီးပါကွာ´´ ကျော်စံ၏စကား။

´´. . . .´

´´စကားပြောအုံးလေကွာ´´

ကျွန်တောမကြိုက်ပါ။ နုတ်ခမ်းနီဆိုးထားသောကောင်မလေးကို ကျွန်တော်မကြိုက်ပါ။ ခေတ်ပေါ်နှင့် ပေါ်ခေတ် မသိသောမိန်းကလေးကို အမြင်ကတ်သည်။ သဘာဝမှာပင်ကိုအစွမ်းရှိသည်ဟု ကျွန်တော် ယုံကြည်သည်။ မိန်းကလေးတစ်ယောက်လှသည့်အလှသည် ဘိုမရုပ်တစ်ရုပ်ကိုထိုင်ကြည့်ရသလိုဆိုလျှင် ကျွန်တော့်နှလုံးသားကို ရောင်းပြီး ရွှေတဂုံဘုရားကို ရွှေချပြစ်မည်။

´´ကိုယ်အစွမ်းကို ကိုယ်မသိတဲ့၊ ကိုယ်အစွမ်းကိုဖျက်ဆီးပစ်တက်တဲ့ မိန်းမကို ဘယ်တော့မှ မျက်စောင်း နည့်တောင် မထိုးဘူးကွ´´

လေးလေးနက်ထွက်လာသော ကျွန်တော့်၏စကားကို သူငယ်ချင်းတွေ ကြောင်ပြီး ကြည့်နေသည်။

´လက်သည်းနီဆိုးတဲ့ မိန်းကလေး၊ တစ်ချိန်လုံးအလှပြင်ဖို့ပဲ စဉ်းစားနေတဲ့ မိန်းကလေးက အလကားပဲကွ´´

´ဒါ မင်း သက်သက် တယူသန်တာပါကွာ၊ မိန်းကလေးပဲ လှချင်လို့ဆိုးတာ ဘာဖြစ်လဲ´´ ကိုကျော်က ကျွန်တော့်အဆိုကို ကန့်ကွတ်သည်။

´ဒါကို ငါလက်ခံပါတယ်၊ ငါဆိုလိုတာက လွန်လွန်းတာကိုပြောတာ။ ဟေ့ကောင် ဒီမှာ လေကကြီးမှာ ဘယ်ပန်းမှ အလှမပြင်ဘူးကွ မင်းသိလား။ ဒါပေမယ့် လှတယ်နော်။ လူတွေတောင်မကဘူး ပိုးမွှားလေးတွေတောင် မိန်းမောရတဲ့အထိကွသိလား။ ငါတို့ယောက်ျားတွေ မှီခိုမှုကင်းတာ၊ ခေါင်းဆောင်နိုင်တာတွေ အဲဒီအချက်တွေလည်းပါတယ်ကွ။ အရောင်မှာ ပင်ကို စွမ်းရည်ရှိတယ်။ အဲလိုပဲ အမေမွေးကတည်းပါတဲ့ ငါတို့အရောင်မှာလည်း ကိုယ်ပိုင် အစွမ်းရှိတယ်ကွ။ ငါတို့နက်မှောင်တဲ့ဆံပင်၊ စူးရှတဲ့မျက်ဝန်း၊ ပန်းရောင်သန်းတဲ့လက်သည်းခွံ ဒါတွေပေါ့ကွ´´

´ဟား ဟား၊ ဒါတော့ငါလက်မခံဘူးဟေ့ကောင်။ အခုခေတ်က ယောက်ျားလေးလည်း လက်သည်းနီဆိုး တာပဲ၊ နားကပ်ဝတ်တယ်၊ ဆံပင်ဆိုးတယ်´

´ဒါကြောင့် အခြောက်တွေပေါတာပေါ့` ကျွန်တောစကားကို ကျော်စံ ဇပ်ပုသွားသည်။

`ဘုရင့်နောင် လည်သည်းနီမဆိုးဘူး၊ ဗိုလ်ချုပ် နုပ်ခမ်းမခြယ်ဘူး၊ နောက်ဆုံးကွာ Bill Gate ကွာ ဘာမှာမခြယ်ဘူး သူ့အစွမ်းကိုခြယ်တယ်ကွ` ဟုတ်ဟုတ်မဟုတ် ပတ်ကိုရမ်းပြစ်လိုက်သည်။ အကုန်လုံး ငြိမ်ကုန်ကြသည်။ သီအိုရီတွေအကုန်ထုတ်ပြစ်လိုက်သည်။ ကျွန်တော့် ခေါင်းထဲတွင်ဘာမှ မရှိတော့တဲ့အထိ ကျွန်တော်ထုတ်ပြစ်သည်။ လက်ရွေးစင်ရဲ့ ကော်ဖီနံ သင်းပျံလာသည်။ လေပြေအေးအေးလေးကို ကျွန်တော်ခံစားမိသည်။ မိုးကဖွဲဖွဲလည်းကျတုန်း။ လူငယ်ဘ၀က အရောင်စုံသည်။ ကျွန်တော့်သူငယ်ချင်းတွေလည်းအရောင်စုံသည်။ သို့သော် ကိုယ့်အနာဂတ်အတွက် အရောင်ကို ကိုယ်တိုင်ခြယ်ကြမည့် လူငယ်တွေဖြစ်သည်။ ထိုအရောင်သည် ကိုယ်ပိုင်အရောင်။ ကျွန်တော်တို့မှာ ကိုယ်ပိုင်အစွမ်းရှိသည်၊ ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိသည်။ ဒီလို သူငယ်ချင်းတွေ ငြင်းခုန်တက်ကြပေမယ့်။ ထိုအတွက် မိမိဘ၀ကို ဖျက်ဆီးမည့်သူ တစ်ယောက်မှမပါ။ လူငယ်တွေဖြစ်သည့်အလျောက် နှလုံးသားခံစားချက်ကိုယ်စီရှိကြသည်။ မနစ်မြော မနှစ်မြုပ်။ ဘ၀ကို ပုံဖော်တဲ့နေရာမှာ မထည့်သွင်း။ ကျွန်တော့်မှာလည်း ကျွန်တော်ချစ်တဲ့သူတစ်ယောက်ရှိသည်။ ကျွန်တော့် အိမ်မက်ထဲက အရောင်တွေနဲ့မင်းသမီးလေးပေါ့။ အပြင်အဆင်မရှိ သဘာဝ၏ ပန်းလေးလိုလှသည်။ ကျွန်တော့်ကို အားပေးသည်။ ထောက်ပံသည်။ နားလည်သည်။ တကယ်တော့် ထိုပန်းသည် သူ့အခိုင်နဲ့သူ လှပနေပါသည်။ ပျော်နေပါသည်။ အရောင်တွေသည်အိမ်မက်ထဲမှာပါပဲလေ။ အရောင်တစ်ချိ့သာ လင်းလက်လာသည်။ အမေ အဖေ၊ ညီမလေးတွေနှင့် ကျွန်တော့ပတ်ဝန်းကျင် ထဲတွင်ဖြစ်သည်။ ထိုအရောင်တွေသည်တောက်ပလွန်းသည်။ ရုပ်တရက် မျက်လုံးကျိန်းသွားသည်အထိ လင်းလက်သည် တောက်ပသည်။ သို့သော် အေးမြသည်။ ခွန်အားရှိသည်။ ထိုအရောင်ကို ကျွန်တော် ထိန်သိမ်းမည်။ တောက်ပစေမည်။

အာရုဏ်ဦး နေခြည်သွေး

နံနက်ခင်း လေပြေမှာ

ရေခြည်ဖြာ မိုးဥတု

မြေသင်းနံ အအေးဓာတ်ကို ငါရတယ်

အရှေ့ရပ်မှာ

ဝါ၊ ဖြူ၊ ပြာ၊ နီ ရောင်စဉ်တန်း

ငါ့လျှောက်တဲ့လမ်းပေါ် ဖြာအကျ

ယုံကြည်ချက် လေပြေကို ငါရတယ်

ငါရတယ် အပြုံးနုနုလေးကို

ငါရတယ် စိတ်ကူးချိုချိုတွေကို

ငါရတယ် မိုးစက်လေးတွေကို

တစ်ခုပဲ

ငါမရဘူး စူးရှတဲ့မင်းအကြည့်

ငါတမ်းတရင်း ဆက်လှမ်းနေမယ် . . .

Categories: Idea, Love, diary, life, personal

When nargis hits my town

May 13, 2008 saooaime Leave a comment

လေပြင်းတိုက်တဲ့ည။ ရင်ခုန်သံအရှိန်အဟုန်နဲ့ဖုန်းပြောကြတော့။ နားဂစ် ဆိုတဲ့ကောင်ကို တောင်မမှုတော့။ အားလုံးငြိမ်သက်သွားတော့ နေ့လည်တောင်ကျော်သွားပြီ။ ခြေရင်းပြတင်းပေါက်က ကျွန်တော်အကြိုက်ဆုံးမြင်ကွင်း။ ပိတောက်ပန်းတွေ လှိုင်လှိုင်ပွင့်တဲ့ ပိတောက် ပင်ကြီးပေါ့။ အခုတော့ ထင်းသာသာငုတ်တိုတစ်ခု။ ဒီအပင်ကိုပိုင်တဲ့ ကျောင်းကြီးတောင် ကျိုးပဲ့ပျက်စီးနေပြီလေ။ မုဂ်ဝကလည်း အရင်လိုမခန့်ငြားတော့။ တစ်ခုသော ဂိတ်သေး တစ်ခုမှာ တော့ အနီရောင်အောက်ခံ အဖြူစာသားနဲ့ ဆိုင်းဘုဒ်တစ်ခုတော့ယိုင်ယိုင်နဲ့နဲ့ပေါ့

`အခွင့်မရှိမ၀င်ရ´ တဲ့ ။

Categories: diary, life

My Future Plan

March 14, 2008 saooaime Leave a comment

Purpose: to motivate myself to focus what I want and to get a clear ambition.

 ————-

For a long time, I have been thinking of what I really want and checking process of my mind all the time. And I want to know what sort of ability I have. Ok let say, a software engineer is the strong wish

I eagerly want to be smart at. What should I do now? Yep! You will say “Hey foolish-baby, you want to be a software engineer, you must learn it.”

Yes, I am, sir. I am one of foolish boys, who want to reach a big city of dream but just sit beside the road, saying “Will that city give me a chance to be a rich powerful smart man?” I get no answer to this question not because they don’t know the city but because they also asking the same questions. But whatever the situation is and however it forces me not to dream, I will not stop my paces. I need to motivate myself to stand upright and move forward to my city. So that is why I note my dream as my future plan.

 
I have a series of dreams that controls my every thoughts and movements. A series of dreams! That will need me a little explanation. Firstly, I want to be a smart software engineer. Second, of course, I want (in fact, “need” right?) a popular sing “$”. Uh ah! 1 followed by lot 0s. That is a big deal. Next, hey do you still have “wants”. The third dream is the main dream of this long diary. The third dream is not just my ambition but my hobbies, and wishes born during late teenage. I will setup a little-profit organization; I will name it, “Development Team”. DT will invest in IT, Travel and Tour. Later, DT will help education and literature development. And I will try to support a team, named “Education and Literature Development Team”. That will be a non-profit team which will shape the future generation. ELDT will create a private school that will help all low-income parents to educate their children. ELDT will also provide effective scholarships to support the team’s goal. ELDT will do many effective projects to develop education of Burma. As its name implies, ELDT will try to promote Burmese Literature Development Project.

 
I will not waste my times in doing business only for my sake but I will share it and appreciate pure smiles of people. I will not spend my precious times in just busy with money. I will invest more time in my family.

Blogged with the Flock Browser

Tags: , ,

Categories: Idea, diary, life, personal

Point of View

March 5, 2008 saooaime 4 comments

Point of View

Categories: life, personal

Life?

February 25, 2008 saooaime Leave a comment

Life?

Categories: Poems, life