Archive

Archive for the ‘diary’ Category

ကျွန်တော့၏ တစ်နေ့တာများ

October 8, 2009 saooaime Leave a comment

တစ်နေ့တာဆိုမှ မနေ့ကအကြောင်းကို ပြန်ပြောရမယ်။ မနေ့က တကယ့်မှ Lucky 7 ပါဘဲ။ October 7 လေ။ ဟုတ်တယ် ဒါနဲ့ဘာဆိုင်လဲပေါ့။ ဒီလို အိပ်ပျက်လာတာ နည်းနည်းဆီဆိုတော့ အဲဒီနေ့က ကောင်းကောင်းကြီးအိပ်ပျော်သွားတယ်။ ဘယ်သူမှ လာမနောက်ယှက်(း) လာမနိုးဘူးလို့ပြောတာ) လို့လား၊ ဘာမှကိုမသိတာလား မသိဘူး ၁၀ နာရီခွဲကျော်သွားရော။ အဲဒါလာနိုးမှ နိုးတယ်။ တံခါးဖွင့်တော့ အပေါက်အလည်တည့်တည့်မှာ ချီးပါထားတာ အပုံလိုက်ကြီးး( အီးယွန်လိုက်တာ။ အဲဒါ ဆေးလိုက်ရတယ်။ ရေပုံးနဲ့ ၁၀ ပုံးမကဘူး။ ပြာတွေဖြန်း ခေါင်းလျှော်ရည်နဲ့ဆေးပေါ့။ အမှတ်တရလေးပါ။

အတွေးတစ်ခုငါ့မှာရှိတယ်

March 21, 2009 saooaime Leave a comment

အတွေးတစ်ခု ရင်ထဲမှာရှိတယ်

ချစ်သူရယ် မင်းကို တကယ်ချစ်မိတာပါ

နှလုံးသားကို ရင်းပြီးငါခံစားနေရတာ

မင်းမသိလို့လား

မင်းကတော့ ငါ့ကို အလေးမထားဘဲ

မေ့မေ့ပျောက်ပျောက် မသိလို့ဘဲပေါ့

အတွေးတစ်ခုငါ့မှာရှိတယ်

ရင်ထဲကအချစ်တွေကို နှလုံးသားမရှိတဲ့အခါ

မရှိတော့တဲ့အခါ ရှိစရာကုန်ခမ်းသွားတဲ့အခါ

နောက်ဆုံး လောင်ကျွမ်းသွားတဲ့အထိ

မင်းရှိနေခဲ့တော့

ပြာပုံထဲမှာတောင် မင်းရဲ့အတစ်စိတ်တစ်ပိုင်းက

ကျွင်းကျန်ရစ်တာမျိုးပါ

Categories: Love, Poems, diary

သူ့အကြောင်းကျွန်တော့အမြင်

January 25, 2009 saooaime Leave a comment

တစ်နေ့တစ်နေ့ သီရိကိုလွမ်းရတာ သတိရနေမိတာဟာ ကျွန်တော့အတွက် အားဆေးတစ်ခွက်ပေါ့။ အရမ်းချစ်တယ်။ တကယ်တော့ လူငယ်ဘ၀မှာ အချစ်က အရမ်းတန်ဖိုးရှိတဲ့အရာပါ။ အသုံးချတက်မယ်ဆိုရင်ပေါ့။ သူ့အကြောင်းကိုတွေးပြီဆို သတိရပြီဆို ကျွန်တော် အရမ်းလန်းဆန်းတဲ့ တက်ကြွတဲ့ခံစားမူမျိုးကို ရတယ်။ ခရီးတစ်ခုထွက်ရသလို ပျော်ရွှင်နေမိတာ။ အဲဒီအချိန်မှာ ဘ၀ကြီးသာယာပြီး ပျော်ရွှင်စရာကောင်းနေတယ်လေ။ အနာဂတ်ကိုလည်းမြင်နေရတယ်။ နှစ်သက်စရာ အပြည့်နဲ့လေ။

သူ့အကြောင်းကျွန်တော့အမြင် ၃

January 24, 2009 saooaime Leave a comment

သူ့ကို တွေ့ချင်သည် သို့ သော် မတွေ့နိုင်ပါ။ သူ့ကို သတိရသည် လွမ်းခြင်းနဲ့သာ ဖြေသိမ့်ရသည်။သူ့ကိုမြင်ချင်သည် သို့သော် ချစ်သုဝေကို သာအမြဲကြည်ခွင့်ရသည်။ ထို့ကြောင့် ချစ်သုဝေသာ desktop ပေါ်တွင် တင်ခြင်းဖြစ် သူ့ကို ချစ်ပြရသည်။

Love(ချစ်) OK(သု) Fully(ဝေ)

သူ့အကြောင်းကျွန်တော့အမြင်

December 10, 2008 saooaime Leave a comment

ကျွန်တော် အခုချိန်ကစပြီး သူ့ အကြောင်းတွေပြောတော့မယ်။ သူ့အကြောင်းဆိုမှ သူ ဆိုတာကို မိတ်ဆက်ပေးဖို့သင့်တာပေါ့။ သူက ကျွန်တော့ထက် တစ်နှစ်ငယ်တယ်လေ။ တစ်နှစ်ဆိုပေမယ့် တကယ်တော့ ၆လလောက်ပဲငယ်တာပါ။ အဲဒီတော့ သူနဲ့ကျွန်တော်နဲ့က တစ်တန်းထဲ။ ကျွန်တော်တို့က ၂၀၀၃ မှာ ၁၀တန်းအောင်ကြတာလေ။ ၁၀တန်းပြီး တက္ကသိုလ် မတက်ရသေးခင် သင်တန်းတစ်ခုမှာတွေ့ကြတာ။ ကျွန်တော်တို့တွေ့ကြတာဆိုတော့ သူငယ်ချင်းတို့ကို တစ်ခုကြိုအသိပေးထားရအုံးမယ်။ သူက ကျွန်တော့ချစ်သူဆိုတာဝန်ခံပါတယ်။ ဒါပေမယ့် ရည်းစားတော့မဟုတ်ဘူး။ ဟင်ဘယ်လိုကြီးလဲ။ သူငယ်ချင်းတစ်ယောက်ကမေးဘူးတယ်။ အဲဒီနှစ်ခု မတူဘူးလားတယ့်။ ကျွန်တော့အမြင်တော့မတူးဘူးထင်တယ်။ ချစ်သူဆိုတာ ကိုယ်ချစ်ရတဲ့သူကိုပြောတာ။ သူကတော့ ချစ်ခြင်မှချင်မယ်။ ချစ်နေရင်လည်းချစ်နေမယ်။ ရည်းစားကြတော့အဲလိုမဟုတ်ဘူး။ နှစ်ယောက်အပြန်အလှန်ပေါ့။ တစ်ယောက်က complain တက်တယ် တစ်ချို့ရည်းစားပဲ မချစ်ကြတာလည်းရှိတယ်။ ချီးထဲမှပဲ မင်းဘာသာမင်း နီကာဖွင့်တော့လို့အော်ဆဲလိုက်မိတယ်။ ဟုတ်တယ်။ ထားပါတော့။ အဲလိုဆိုတော့ သူနဲ့ကျွန်တော်နဲ့က ရည်းစားမဟုတ်ကြပါဘူး။ အတိုချုပ်ရရင်။ ကျွန်တော်ကသာ သူ့ကိုအရမ်းချစ်နေမိပြီး သူကကျွန်တော့ကို သူငယ်ချင်းပဲတဲ့!

သူကအရမ်းလှပြီးမြင်သူတကာငေးလောက်တာမျိုးတော့မဟုတ်ဘူးဗျ။ ချစ်စရာကောင်းတာ။ ကလေးတစ်ယောက်လိုပဲ။ ဒါပေမယ့်လည်တယ်နော်။ နဲနဲလည်းစွာတယ်။ တိုးတိုးဗျ သူမသိစေနဲ့ဗျ . နော် . . သူကို လီဆောင်းဦးနဲ့တူတယ်လို့ထင်တယ်ဗျ။ ဟဲဟဲ နှခေါင်းရှုသွားပြီလား။ ဘော်ဘော်တို့လည်းသိပါတယ်။ Beauty is in the eyes of beholders. တဲ့။ ဟုတ်တယ်မဟုတ်လား။ ကဲကဲပြောရင်းသတိရလာလို့ သူ့ဆီဖုန်းဆက်လိုက် အုံးမယ်ဗျ။ သူနဲ့ ရည်းစားမဖြစ်ရပေမယ့် သူငယ်ချင်းတစ်ယောက်အဖြစ်ဖုန်းဆက်ခွင့်တော့ရှိပါတယ်။ ဒါတစ်ခုတင် ကျွန်တော့အတွက် ပျော်စရာကြီးပေါ့ဗျ။ ဘိုင်ဘိုင်

Title အသစ်ငှားရမ်းခြင်း

December 10, 2008 saooaime Leave a comment

ဘော်ဂျွတ်တစ်ယောက် သူ့ blog မှာ “သူ့အကြောင်းကျွန်တော့အမြင်” ဆိုပြီးရေးထားတာကို ဖတ် ရတော့ ကျွန်တော်ကြိုက်သွားတယ်ဗျ။ ဒါနဲ့ သူ့ဆီက ခွင့်တောင်းတာပေါ့။ မူပိုင်ခွင့်ရှိတယ်မဟုတ်လား။ သူကခွင့်ပြုတယ်။ ဒါကြောင့် အဲဒီခေါင်းစဉ်နဲ့ စရေးတော့မယ်ပေါ့။

The fool, me

December 10, 2008 saooaime Leave a comment

What idea ! What am I doing? What I want to do? I don’t know till recently.  Before to say how fool I am, I want to introduce myself first. The country I live is Myanmar formal known as Burma. My native town is Monywa, the north-west economic city which stand on the east branch of the Chintwin river. My youth life filled of many fault also a lot of successes. I had good memory, strong intelligent, and “powerful” careless. The habit “careless” made me loose my memorizing skill. And the government’s educational policy also encouraged me to do so, I think. Leave it. I have many hobbies that I could not have any chances to promote. I want to skip many facts here to get my focus. After I passed the exam, I got a letter from the Ministry of Education enlisted me as a student of GTC (Government Technology College). That was my youth dream but at this time I hate the government for that reason that I thought they have been destroyed the educational systems and I did not believe the GTC. So I continued my learing of computer at a private school and I advanced my English. I met the English teacher who changed my life, taught men not only English but also the way of thinking, the feeling of arts, philosophy and more. He said that I had learned the computer science but if I could not read and write English fluently, I could not be the best technician. So I stopped my computer learning and had devoted myself in studying English for about 2 years. After I had took the TOEFL and found that I can’t not go abroad as a student, I became loose confident. I worked at two or more company but this did not give me any attention but the thought that will shape me and my future. It was our Burma new year “water festival”, April 2008. I mediated at the monastery as a monk. It shaped my mind, my thought, my believes and my future. After that, I get a little confidence, idea and happier at my work. Now I have a decision. I will do business of my own. I will try to own a very strong business in Burma. As I said, I have many hobbies or “want to do things” as civil engineer, software engineer, network engineer, writer and so on. I can not be smart in all but I can be all in smart. I will do business not for my sake but also for my hobbies. The main hobby will be to promote youths in hobbies.

Categories: diary Tags:

ခံစားချက်မှတ်တမ်း

December 6, 2008 saooaime Leave a comment

ရင်ထဲမှာ ခံစားနေရတာတွေက သိပ်များတာပဲကွာ။ ဘယ်သူကများနားလည်နိုင်မှာလဲ။ ကိုယ်အရမ်းချစ်မိတဲ့ မိန်းကလေးတစ်ယောက်က ချစ်သူရှိနေတယ်တဲ့။ ဟုတ်ပါပြီဒါဆို နောက်တစ်ယောက်ကို ချစ်လိုက်ပေါ့။ အဲလောက်လွယ်လား။ လွယ်ကောင်းလွယ်ပါလိမ့်မယ်။ ဒါပေမယ့် မလွယ်ဘူးဗျ။ ကျွန်တော်က အခုရည်းစားထားချင်တာမဟုတ်ဘူး။ အခုချိန်မှာ ရည်းစားဘ၀ကို မနှစ်သက်ဘူး။ ဒါပေမယ့် ကျွန်တော့ကို နားလည်မယ့် ချစ်သူတစ်ယောက်တော့လိုချင်မိတယ်။ အခုတော့ မိန်းကလေးတွေကို စိတ်မ၀င်စားမိပဲ သူတစ်ယောက်ကိုပဲ သတိရနေမိတာပါဗျာ။ ဖုန်းဆက်ပြီး သူ့အသံလေးကြားနေရတာတင် ကျွန်တော်ကျေနပ်နေမိတာပါ။ အခုဆို သူနဲ့ပြန်တွေ့ပြီး ဖုန်းတွေတာဆက်နေတာ တစ်နှစ်တောင်ရှိနေပြီ။ အဲလိုပဲ မျက်နှာချင်းဆိုင် မတွေ့ဖြစ်တာလဲ တစ်နှစ်နီးပါးပဲဆိုပါတော့။

တစ်ဘ၀စာ ညံတမ်း (4)

August 18, 2008 saooaime Leave a comment

လှစ်လျူရှင် အပြစ်ယူငင်
ယစ်လူ သွင်သို့
နာကျင်ခံစား ရင်ဝယ်ဓါးနှင့်
သက်ထား ကြက်သရေ
ငါ့အသက်စေ။       ။

ချစ်ခြင်းသည် လေပြေနဲ့အတူ ရောက်လာသည်။ မိုးစက်တို့နဲ့အပြိုင် ဖွဲဖွဲလေးကျလာသည်။ ရန်ကုန်မြို့၏ ကောင်းကင်ကြီးတစ်ခုလုံးသည် မိုးတိမ်တို့နှင့်မည်းနက်နေသည်။ ဖြတ်သွားသော Bus ကား၏ အရှိန်ကြောင့် လွင့်စင်လာသော မိုးစက်ရေတစ်ချို့ ကျွနုပ်၏ ဘောင်းဘီအနားသက်တို့ကို စိုစွတ်သွား စေသည်။ ထိုနေ့သည် ခါတိုင်းထက် မိုးသည်းထန်လွင်းသည်ထင်သည်။ ပထမဆုံး English Class တစ်ခု ကို သွားရန်ရှိ၍သာ ထွက်လာခဲ့ခြင်းဖြစ်သည်။ အတန်းကို ပထမဆုံးရောက်နေသူက ကျွန်တော်။ သိပ်မကြာ ရှေ့ဆင့်နောက်ဆင့်ပါဘဲ ပိန်ပိန် အရက်တော့သိပ်မရှည် pony till ခေါ် ဂုတ်လောက်ရှိသောဆံပင်ကို အလည်မှ စည်းထားသော အသက် ခပ်လက်လက် boy တစ်ယောက်။ နောက်ပြီး တစ်ယောက် နှစ်ယောက် တဖြည်းဖြည်းနှင့် ပြည့်လာသည်။ အားလုံး 7 ယောက်ရှိသည်။ သင်တန်းကို စ လိုက်ကြသည်။ မိတ်ဆက်ကြသည်။ ရင်းနှီးမှုတွေရှိလာကြသည်။ အတန်းသည် အရှိန်ရလာသည်။ တစ်ရက်နှစ်ရက် တစ်ပါတ်။

မိုးသားကင်းစင်သော နေ့သည် အပြာရောင်ကောင်းကင်ကြီးနှင့် သာယာ၏။ နေပြင်း၏ လောင်မြိုက်မှုကိုတော့ အံတုနိုင်ရမည်ဖြစ်သည်။ မိုးသက်တို့ ကင်းစင်နေသော်လည်း နေသာ သော နေ့တစ်နေ့တော့ ဖြစ်မည်မထင်။ ဒီနေ့ အတန်းသွားရသည်မှာ အားအင်တစ်ခုက လွမ်းမိုးနေသလို။ တက်ကြွှမှုတို့ အပြည့်။ ဆရာစာသင်ချိန်တွင် သတိမထားမိ။ Discussion အချိန် 3 ယောက် group တွင် သူနဲ့ တူတူကြသည်။ ထူးခြားသော ခံစားမှုတစ်ခုပါဘဲ။ ဘာမှန်းမသိခဲ့ပါ။ သို့ ထိုနေ့အိမ်ပြန်ချိန် သည် သာယာသောနံနက်ခင်းတစ်ခုလို ကြေးငှက်တို့ဖြင့်သာယာသည်။ နေခြည်နွေးနွေးလေးနှင့် သာယာသည်။
´´ မြင်မြင်ခြင်း ချစ်ခဲ့သည် မဟုတ်ပါ။ မြင်ပြီး ကွဲကွာသွားမှ လွမ်းမိခဲ့ခြင်းဖြစ်ပါသည်´´

တစ်နေ့တစ်ခြားသူ့ကို ခံစားချက်တို့ဖြင့် ခိုးခိုးကြည့်မိသည်။ ခိုးကြည့်တာမိသွားလျှင် သူ့အပြုံးကို မြင်ရသည်။ သူ၏စကားတစ်ချို့သည် ကျွန်တော့ကိုလက်ခံနေသလိုလို။ ကျွန်တော့၏ ချစ်ခြင်းကို သူရရှိ ထားနှင့်သလို။ တစ်နေ့ ကျွန်တော်နှင့် နေရတာပျော်စရာကြီး ဆိုသော သူ၏ စကားသည် ကျွန်တော်၏ ရင်ကို ကျိန်းစပ်သွားစေသလို တစ်သက်လုံးမမေ့နိုင်သော dialogue တစ်ခုအဖြစ် ကျန်ခဲ့သည်။ ဒီလိုနှင့် နောက်ဆုံးနေ့ကို ရောက်ခဲ့သည်။ ထိုနေ့သည် သင်တန်းဆင်းပွဲနေ့ဖြစ်သလို အလွမ်းနေ့လည်း ဖြစ်သည်။ ကျွနုပ်၏ တစ်ဘစာညံတမ်းတွင် ပထမဆုံးသော နှလုံးသားကို တစ်ဘ၀လုံး လွမ်းမောစေသော အလွမ်းနေ့ တစ်နေ့ဖြစ်သည်။ ကျွန်တော်တို့သီချင်းတွေဆိုကြသည်။ ထိုအထဲတွင် ဂန္တ၀င်သီချင်းတစ်ပုဒ်ပါသည်။ အခြားသူများအတွက်မဆိုလို ကျွန်တော့အတွက်ဖြစ်သည်။ west life ၏ my life ဖြစ်သည်။ ထိုသီချင်းဆိုသောအချိန်တွင် ကျွန်တော်နှင့် သူ၏ အသံသာ အဓိက လွင့်ပျံနေခဲ့သည်လေ။ ထိုအချိန်က နောင်တစ်ယောက်ထဲရှိနေချိန်တွင် အထီးကျန်စွာ လွမ်းမောစွာ ဆိုရလိမ့်မည်လို့ မတွေးခဲ့မိဘဲ ပျော်ပျော်ကြီး သူကို ကြည့်၍ ဆိုခဲ့မိသည်။ မဆီမဆိုင် နင်ဘယ်တော့ပြန်မလဲ နင့်အတွက်လက်ဆောင်ဆိုပြီး ကွန်ဘာဘူးလေးကိုသူပေးခဲ့သည်။ ဘေးလူတွေတောင် ကြောင်ပြီးငေးကြည့်နေခဲ့ကြသေးတယ်လေ။ ထိုကွန်ဘာဘူးလေးကို အခုထိ သိမ်းဆည်းထားတာ တယုတယပါဘဲ။ သူပြောသည် ငါ့ဖုန်းနံပါတ်ယူထားမလားတဲ့။ ကျွန်တောယူမည်ဟုပြောပြီး ချက်ခြင်း မေးပြီး မှတ်ထားခဲ့သင့်သည်။ သို့သော် ထိုသို့ ကျွန်တောမလုပ်ခဲ့ပါ။ အားလုံးပြန်ကြ၍ ကျွန်တော်နှင့် သုငယ်ချင်းစကားပြောနေစဉ် သူ Bus ကားဂိတ်ကို ဆင်းလာသည်။ သူပြုံးပြသည် ပြီးတော့ မလှမ်းမကမ်းတွင်လာရပ်သည်။ သိပ်မကြာ နောက်က fashion ဆိုင်ကို သူဝင်သွားသည်။ နာရီဝက်လောက်ကြာမည်ထင်သည်။ သူပြန်ထွက်လာသည်။ နောက်ကလိုက်ပြီး သူနဲ့စကားတွေပြော ၀က်သားတုပ်ထိုးစားခဲ့သည်။ ထိုအထိ သူ့ကို ချစ်တယ်ဆိုသော စကားကို မပြောမိသေး။ ကျွန်တော့တစ်ကိုလုံးတုန်နေသည်။ လက်ဖျားတွေအေးစက်နေသည်။ Bus ကားဂိတ်ပြန်ရောက်လာတော့ နှစ်ယောက်သားစကားမပြောဘဲ အတော်ကြာငြိမ်သက်နေမိသည်။ ရင်ထဲမှာတော့ မင်းကို ချစ်တယ်ဆိုသောစကားတွေ အပြည့်။ နင့်မှတ်တိုင်က ဟိုဘက်မဟုတ်လားဆိုသော သူ့စကားနဲ့အတူ သူကားပေါ်ပြေးတက်နှုတ်ဆက်သွားသည်။ လူအပြည့်နှင့် မောင်းထွက်သွားသောကားကို ငေးမောရင်း ပလက်ဖောင်းပေါ်ထိုင်ချလိုက်သည်။ ကျွန်တော်နောက်ထပ်မရေးချင်တော့သော ဒီ တစ်ဘစာညံတမ်းကို တစ်ဘ၀လုံးညံခဲ့သမျှတွင် အညံဆုံးကို ရေးခြင်းဖြင့်အဆုံးသတ်ခြင်ပါသည်။

Categories: diary

မုံရွာသို့အလွမ်း

August 14, 2008 saooaime Leave a comment

ကျွန်တော့ဇာတိချက်မြုပ်ရာ မုံရွာနှင့် ဝေးကွာခဲ့သည်မှာ ၈ နှစ်ခန့်ရှိခဲ့ပေပြီ။ အခုလို ချင်းတွင်းမှာ မုံရွာရဲ့ အငွေ့အသက်တွေရရှိခဲ့တဲ့အတွက် ချင်းတွင်းကို ဖန်တီးခဲ့ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်။ ကျွနုပ်၏ မုံရွာအလွမ်းကို ဒီနေရာမှာ ဖွင့်ခွင့်ပြုစေချင်ပါသည်။
(၁)
ကျွန်တော့နေရပ်က ရုံးကြီးရပ်၊ ချင်းတွင်းမြစ်နှင့် လက်တစ်ပြတွင်ရှိသည်။ တာရိုးကြီး၏ ကတ္တရာလမ်းမ တစ်ဘက်တွင် ဆောက်လုပ်ရေးရုံးရှိ၏။ ရုံးဝန်းထဲတွင် ကျွန်တော်အမြတ်နိုးဆုံးအိမ်ကျွန်တော့တစ်သက်တာ တသသလွမ်းနေမည်ဖြစ်သောအိမ်။ ကျွန်တော့ ကလောင်နံမည်ကို စဦးအိမ်ဟု ပေးရခြင်းသည်လည်း ထိုအိမ်ကိုလွမ်းသောကြောင့် တမ်းတသောကြောင့် ဖြစ်သည်။ ထိုအိမ်သည် ဝေဠုဝန်လမ်းဟုခေါ်၍ ကလေး၊ ခွေး အလွန်ပေါသောလမ်းပေါ်တွင်ဖြစ်သည်။ ငယ်ငယ်တုန်းက ကျွန်တော်တို့ပြေးလွှားဆော့ကစားနေကြစဉ် ကလေးများနှစ်သက်ရာ လျှက်စားသည် လာလေ့ရှိသည်။ လျှက်စား တစ်ထုပ် 15 ပြား ဆိုသော အသံကြားလျှင် အလုအရက် လက်ဝါးဖြန့်ကြသည့် အထဲတွင် ကျွန်တော်လည်းပါသည်။ လျှက်ဆားသည်ကြီးကလည်း `ဟ ဒီလမ်းက ကလေးပေါလှချည်လား` ဆိုပြီး အံသြရသည်အထိဖြစ်သည်။
`လက်ဝါးတွေဖြန့်ရင် လျှက်ဆားတွေရမယ်နော် လျှက်ဆား´
ထိုအသံကိုတမ်းတဆဲ။ ကျွနုပ်၏အိမ်သည် ၀န်ထမ်းအိမ်ဖြစ်သည့်အလျှောက် နှစ်အိမ်ပူးထားသော ၀န်းထရံကာ သစ်သားအိမ်မျိုးဖြစ်သည်။ ကမ်နားရပ်ကွက်လည်းဖြစ်သည့်အလျောက် ခြေတိုင်အိမ်ရှည်အမျိုးအစားဖြစ်သည်။ လမ်းထဲတွင် ကျွနုပ်၏ အိမ်ရှေ့မြေပြင်ကျယ်သည် ကလေးများ ဆော့ကစားရာ ကစားကွင်းအဖြစ်တည်ရှိနေခဲ့သည်။ အိမ်ရှေ့တည်တည့်တွင် ကုက္ကိုပင်ကြီးရှိသည်။ ထိုကုက္ကိုပင်ကြီးသည် အခုထိ ကျွနုပ်ရင်တွင်းရှိ အထိမ်းအမှတ်အပင်တစ်ပင်လည်းဖြစ်သည်။ ထိုအပင်အောက် ဆော့ကစားခဲ့သည်များကို အမှတ်ရတမ်းတမိနေဆဲ။ အမြဲရှောက်ခဲ့တဲ့ တာရိုးပေါ်က လမ်းတွေပေါ်မှာ ကျွန်တော့ခြေရာလေးတွေရှိသေးရဲ့လား။ ချစ်တွင်းမြစ်ပြင်ကြီး အချိန်မဲ့ထိုင်ကြည့်နေဖို့ကျွန်တော့မှာအခွင့်မရှိတော့ဘူးလား။ ဒါတွေကိုတစ်နေ့ ကျွန်တောပြန်ယူမည်။ ကျွန်တောပြန်လာမည်။ သို့သော် ပြန်မလာနိုင်မှီ ထိုအမှတ်တရ များကို ချင်းတွင်းမှာ တမ်းတခွင့်ပြုမည်ဆိုလျှင် . . .

www.chintwin.com forum တွင် ကျွန်တော်ရေးခဲ့သည်များကို မှတ်တမ်းတင်ပါသည်

Categories: diary, life, personal