Archive

Archive for the ‘About her, my thought’ Category

သူ့ကိုမေ့ပြစ်ချင်ပြီ

February 10, 2009 saooaime Leave a comment

အချစ်ဆိုတာတံတားတစ်စင်းလိုပဲ ဟိုဘက်ကမ်းကိုရောက်အောင်ဘဲပို့ပေးတာပါ။ အဲဒီကမ်းမှာ ဘယ်လောက်ကြာကြာ ရှိနေမှာလဲဆိုတာတော့ အချစ်ကမလုပ်ပါဘူး။ ဒါဆို ဘယ်အရာက လုပ်မှာလဲ?

ကျွန်တော့သူ့ကို ချစ်ခဲ့တယ်။ သတိရတယ် လွမ်းတယ်၊ အောက်မေ့တယ်၊ အတွေးတွေနဲ့ရင်ခုန်တယ်။ သူနဲ့ နှစ်ပေါင်းများစွာ ဝေးနေခဲ့တာတောင် သတိရတမ်းတနေခဲ့မိတာပါ။ ပြန်တွေ့ဖြစ်တော့လည်း ကျွန်တော့အချစ်က မပျက်ပြယ်ခဲ့ဘူးပေါ့။ ဒါပေမယ့်ဗျာ အလှောင်ခံနေရသလို ကျွန်တော်ခံစားနေရတယ်။ သူ့ကိုချစ်တဲ့စိတ်က မကျေနပ်နဲ့စိတ်တွေပေါ်လာမိတယ်။ သူ့ကိုမေ့ပြစ်လိုက်ချင်တယ်။ တကယ်တော့ အချစ်ဆိုတာ စိတ်ခံစားချက်တွေထဲကတစ်ခုမဟုတ်လား။ အကယ်၍ စိတ်ကို အဲဒီထဲမှာ မနှစ်ထားရင် အဲဒီအချစ်လျော့ချ နိုင်မှာပါ။ ကျွန်တော်အဲဒီလိုယူဆတယ်။ သံယောဇဉ်က လာတဲ့အချစ်က ပိုခိုင်မယ်လို့ ကျွန်တော်မြင်တယ်လေ။ နောက်ပြီး အချစ်က လိုက်ရှာနေရတဲ့အရာမျိုးမဟုတ်တာ။ အခု သူ့ကို မေ့ဖို့အတွက် တစ်ခြားတစ်ခုကို အာရုံစိုက်ရတော့မှာပေါ့။ ကျွန်တော်သံယောဇဉ် ရှိတဲ့သူတစ်ယောက်ကို တွေ့မယ့် အချိန်ထိ အချစ်ကို သိမ်းဆည်းထားလိုက်မယ်။ ဒါကြောင့် ကျွန်တော့အကြောင်း သူ့အမြင်ကို ခဏရပ်ထားလိုက်တော့မယ်ဗျာ။ ကျွန်တော့အကြောင်းသူတို့အမြင်ပဲ ရေးတော့မယ်လို့စိတ်ကူးထားလိုက်ပြီ။

သူအကြောင်းကျွန်တော့အမြင်

February 8, 2009 saooaime Leave a comment

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပုံမှန်အတိုင်း gtalk ဖွင့်ထားတာပေါ့။ ကျွန်တောက gtalk သိပ်မချက်ဖြစ်ဘူး။

သူငယ်ချင်းတွေနဲ့ပဲ ပြောဖြစ်တယ်လေ။ တစ်ယောက်နှစ်ယောက် လောက်တော့ မသိတာရှိပါတယ်။

ဒီလိုပဲ invite ၀င်လာတော့ လက်ခံလိုက်တာပါ။(ကိုယ့်ဘက်ကိုယ်ယက်တာ)

အဲ ပြောချင်တာက . . . သူရောက်လာတယ်ပေါ့။ အရမ်းပျော်သွားတာ။ ရုံးကလူတွေက (ထုံးစံအတိုင်း)

လွတ်ပြီလို့အော်ကြတာဆိုတာလေ။ သူ ရက်စက်လိုက်တာ ကျွန်တော့ကို စကားမပြောဘူး။

ကျွန်တော်က busy နေလားဆိုတော့ inn တဲ့။ တစ်ယောက်တည်းလားဆိုတော့

သူငယ်ချင်းနဲ့တဲ့။ သေရော။

ကျွန်တော်သိပါတယ် သူငယ်ချင်းဆိုတာ သူ့ချစ်သူဖြစ်နေမှာကိုလေ။ ထားပါတော့

Categories: About her, my thought Tags: ,