ယုံပေးပါ
သြော် ချစ်သူ
အပြစ်မယူပါနှင့် ထပ်ပြောပါရစေ
အရမ်းချစ်တယ်ဆိုတဲ့အကြောင်း
ဘယ်တော့များမှ ဆုံဆည်းရမှာလဲ
တကယ်တော့ မင်းနဲ့တွေ့ခွင့်တောင်
မရနိုင်သေးတာ
အခုတော့ သတိပျောက် မင်းရောက်
အလွမ်းတွေဖျောက်ဖို့ အပြုံးဟန်ဆောင်ရတာ
ဘယ်သူ သိမှာတဲ့လဲ
ငါ မေ့ချင်ပြီလို့ တစ်ခါတစ်ရံ
တွေးခဲ့မိတာ
မင်းကိုချစ်တဲ့ ငါ့ရဲ့အချစ်ကို
အစားထိုးဖို့ ကြိုးစားခဲ့တာ
ဝါသနာနဲ့ ဘ၀ရည်မှန်းချက်ကို
တွေ့ရှိသလို
ငါ့အချစ် မင်းအပေါ်
ခိုင်မာမှန်း သိလိုက်ရပြီး
ဒီအချိန်မှာ ငါမြင်သမျှဟာ
မင်းတစ်ယောက်ထဲပါ။ ။
. . . . ယုံပါ ယုံပေးပါ
