Intralife

Once life, pop rhythmic pieces

Archive for February 2009

မေ့ခြင်း

without comments


မင်းကိုတွေ့ပြီး မကြည့်ခဲ့ရမှာ

မင်းကိုကြည့်ပြီး မသိခဲ့ရမှာ

မင်းကိုသိပြီး မငြှိခဲ့ရမှာ

မင်းကိုငြှိပြီး မချစ်ခဲ့ရမှာ

မင်းကိုချစ်ပြီး မေ့ပြစ်ခဲ့ရမှာ

မင်းကိုမေ့ပြီး ငါရူးပြစ်ခဲ့ရမှာ

ဒါပေမယ့် အားလုံးမလုပ်ဘဲ

မေ့ပြစ်ခဲ့တာ ငါ ပါ ဟာ . .

Written by saooaime

February 28, 2009 at 2:28 pm

Posted in Forgot to Remember

Tagged with

လပေါ်က အိမ်မက်

without comments

ငါ့ ယုံကြည်မှုတစ်ခု

တကယ်တော့ လပေါ်မှာ ရှိနေခဲ့တာ

ဘာလုပ်ရမှာလဲ လမင်းပေါ်ရေတွေ့တော့

အခု ငါ လမိုက်ညမှာ အပြင်ထွက်

လပြည့်ညဆို မီးရောင်အပြည့်နဲ့

သီချင်းတွေပဲ အော်ဆိုပြစ်လိုက်တယ်

မှတ်ရော

Written by saooaime

February 28, 2009 at 11:04 am

Posted in dreams on the moon

Tagged with

အပိုင်း ၁ (သို့မဟုတ်) ဇာတ်သိမ်းပိုင်း

without comments

သည်းထန်စွာရွာနေသောမိုးကို ကျွန်တော်မော့မကြည့်နိုင်။ မိုးစက်တို့ ခြေရင်း ၀ပ်ဆင်းနေရသည်။ ပြန်မထနိုင် လည့်မကြည့်နိုင် မော့မကြည့်နိုင်။

တစ်ခါ တခါ မိုးခြိမ်းသံ ကြားရသည်။ မဟုတ်ပါ။ ရည်(ရယ်) သံ တို့၏ ပဲ့တင်သံ။ အကယ်၍ နှလုံးသားမရှိပဲ အသက်ရှင်နိုင်လျှင် အလိုရှိသူကို

ထုတ်ပေးမည်။ အခုတော့ မိုးစက်တို့က စိုရွှဲစေသည်၊ ရည်သံတို့ကမိုးခြိမ်းသံအလား နာကျင်စေသည်။ ထို့နောက်အလင်းရောင်စူးစူးရှရှ တစ်ခု

ကျွန်တော့မျက်လုံးကို ထိုးဖောက်သွားသည်။

- – - -

ဟေ့ကောင် . . . ၀င်းထက်ထကွာ မင်း ဒီလောက် ၀ုန်းဒိုင်းကြဲနေတာတောင် ယူနေနိုင်တာ။

အပေါ်ထပ်မှ ကိုစံနှင့် မိုးဇော်။ ကျွန်တော့ တစ်ကိုယ်လုံးလဲ စိုရွှဲနေသည် ဘာတွေလဲမသိ။ သူတို့ လက်ထဲတွင်လဲ တံမြက်စည်းတစ်ချောင်း၊ ကြက်မွှေး

တစ်ချောင်းစီနှင့်။

ဟားဟား . . . ပန်းအိုးကရေတွေ အကုန် ဒီကောင့်ပေါ်မှောက်ကုန်တာကို ကွ . .

အေး ဒါတောင် သောက်အိပ်ကြီးတဲ့ကောင်

နေပါအုံး မင်းတို့ဘာတွေဖြစ်နေတာလဲ

တစ်ကိုယ်လုံးရော အိပ်ယာတွေပါ စိုရွှဲနေသည်။ ခုနအိပ်မက်မက်နေပုံရသည်။ မိုးရေထဲမှာလေ အသဲကွဲကောင်းနေတာ။

ကိုစံက အရယ် တစ်ဝက် နှင့် ပြောသည်။ အိပ်နေတုန်းကြွက်တွေ့လို့ လိုက်ရိုက်နေတာကွ အဲ ဒါ စားပွဲပေါ်က ပန်းအိုးကိုရိုက်မိပြီး ကြမ်းပြင်ပေါ်

ဖိတ်ကုန်တာ မင်းပေါ်တည့်တည့်ကျတာပေါ့ကွာ။ ဟေ့ကောင် သောက်အိပ်ကြီးရ ဟား ဟား. . .

လွတ်လပ်မှုတစ်ခုကို လိုချင်သည်။ ထိုလွတ်လပ်မှုသည်။ အမှန်တကယ်မိုးရေထဲမှာဖြစ်ဖြစ် လွတ်လပ်စွာအသည်းကွဲခွင့်ဖြစ်သည်။ အခုတော့ . .

Written by saooaime

February 28, 2009 at 10:29 am

The Day of The Day

with 4 comments

If I own the day,

If I am on the day,

If I will be someone in part the day,

If I become the day,

If I can be there the day,

If the day, I wish,

If  she will love the day . . .

Written by saooaime

February 28, 2009 at 9:55 am

Posted in The Day of The Day

Tagged with

ကျွန်တော့အကြောင်းသူတို့အမြင်

without comments

ကျွန်တော် ဒီနေရာမှာ သူ့ကို ချစ်သူလို့ပဲ ပြောချင်သည်။ သို့သော် သူ့ကို ချစ်သူဟု မခေါ်သင့်ပါ။ အဘယ်ကြောင့်ဆိုသော် သူက ကျွန်တော့ကို မချစ်ပါ။

ကျွန်တော်ကသာ ချစ်နေရသောကြောင့်ဖြစ်သည်။ ကံတရားသည် ကျွန်တော့ကိုပြစ်ဒဏ်ချထားခဲ့ပုံရသည်။ ကျွန်တော်ချစ်သည် သို့သော်

သူပြန်မချစ်ပါ။ ကျွန်တော် အရမ်းမြတ်နိုးခဲ့သည် သို့သော် သာမာန်ခင်မှုကိုသာ သူ လိုချင်သည်။ ထားပါ . . . ဘယ်လိုပဲ ဖြစ်ဖြစ် ဒါ သူ့ဆုံးဖြတ်ချက်

ကျွန်တော်နှင့်မဆိုင်။ ဒါပေမယ့် သူ ကျွန်တော့ကို မချစ်ပါနဲ့လို့တော့ မပြောသင့်။ လွတ်လပ်စွာချစ်ခွင့်ရှိသည်။

ကျွန်တော်က စိတ်အလိုလိုက်လွန်းတာပါဗျာ။ ကျွန်တော်အစောကြီးကတည်းကသိနေတယ်ဗျ။ ဘာကြောင့်မှန်းမသိဘူး။ သူငြင်းမယ်ဆိုတာလေ။

အဲလို လှလှပပလေး ငြင်းလိုက်မယ်ဆိုတာ။ အရမ်းလှပါတယ်။ အရမ်းလည်း ငြင်သာတယ်။ ဒါပေမယ့်သိလား။ frequency နိုမ့်တဲ့ အသံကိုနား

ထောင်ရလိုမျိုးပေါ့။ တိုးတိုးလေးပါ။ သို့သော်နားကွဲလောက်တယ်ဗျ။ အခုလည်း အဲလိုပဲ ငြင်သာပါတယ် လှလည်းလှပါတယ်။ ထိလည်းထိပါတယ်။

ကိုယ့်ဘာသာကို အုံပုန်းလေးလုပ်နေတာမှ ခံရသက်သာသေးတာပေါ့ဗျာ။ ကဲထားပါ အဲဒါတွေ

ကျွန်တော် ၁၀ တန်းပြီးတဲ့ အချိန်တုန်းကပေါ့။ သူငယ်ချင်းတွေနဲ့ စကားပြောကြရင်း။ ကျွန်တော်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် မဖြစ်ချင်ဘူးလို့

ပြောလိုက်မိတော့။ သူငယ်ချင်းတွေက ဘာဖြစ်လို့လဲလို့မေးတယ်။ အဲဒါနဲ့ ကျွန်တော်က ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုပြန်ချစ်ရင်တော်ပြီ။ အဲဒီ

ဆုတောင်းပဲပြည့်ချင်တယ်လို့။ လူတိုင်းကကြိုက်ပြီး ကိုယ့်ချစ်သူက မချစ်ရင် ဘာလုပ်မှာလဲလို့ပြောတော့ အားလုံးကထောက်ခံခဲ့ကြတယ်။

သူငယ်ချင်းတို့ရေ . . .

မင်းတို့ရဲ့ သူငယ်ချင်းကြီးကို မှတ်မိကြသေးရဲ့လားလို့။ ငါ မင်းတို့ရှေ့မှာ ဆုတောင်း ခဲ့ဘူးသေးတဲ့ ဆုတောင်းကိုကော မှတ်မိကြသေးလား။

အေးကွာ ငါ အခုတော့ အဲဒီဆုတောင်း မပြည့် ခဲ့ဘူးကွာ။ အခုမင်းတို့ ရှိနေရင် ငါကို ဘာပြောကြမလဲ ဘာလုပ်ကြမလဲ။ သူငယ်ချင်းတို့ဆီက

စကားတွေကို ငါ အလိုရှိနေတယ်ကွာ။ ငါ အခု အရမ်း အထီးကျန် လွန်းနေတယ်။ ငါ့ကို နားလည်တဲ့သူ ငါကို နားလည်ပေးမယ့်သူ ငါ့အနားမှာ

ရှိနေရင် သိပ်ကောင်းမှာပဲ သူငယ်ချင်းတို့။ မင်းတို့ရော မင်းတို့ချစ်သူရဲ့ နားလည်းမှုကို ရရှိကြလား။ ရပါစေလို့ ငါဆုတောင်း ပေးနေပါတယ်ကွာ။

မင်းတို့ရဲ့ သူငယ်ချင်း

Written by saooaime

February 26, 2009 at 5:06 am

Posted in To Friends, about me, their thought

Tagged with

ကျွန်တော့အကြောင်း သူတို့အမြင်

without comments

လူတိုင်းမှာ ဒါလုပ်ရင်ဒါဖြစ်တယ်ဆိုတဲ့ ရိုးစင်းတဲ့ အမှန်တရားတစ်ခုကို ကံတရားကဖန်တီးထားတင်လို့ ထင်ရလောက်အောင်မှန်ကန်လွန်းပါတယ်။ ကျွန်တော့မှာ ဒါမျိုးရှိတယ်။ မှန်မှန်ကန်ကန်ကို တည်ရှိနေတာမျိုးပါ။ ကျွန်တော်တစ်ခုခုလုပ်တော့မယ် ဆိုရင် အဲဒီ အမှန်တရားနဲ့ တိုက်ကြည့်ရတယ်။ အဲဒါကိုက်ရင် တိုက်ကုန်မှာဆိုးလို့ပါ။

တစ်နေ့။  တစ်နေ့ဆိုတာ ငယ်ငယ်တုန်းကပါ။ ၅ တန်းနှစ်။ မုံရွာမြို့  အထက ၃ ကျောင်းသားအဖြစ်နဲ့ရှိတုန်းကလေ။ ငယ်ငယ်တုန်းက ကျွန်တော်က လျှောက်လည်တယ်ဆိုတဲ့ အကျင့်မရှိခဲ့ဘူးဗျ။ နောက်ဆုံးဗျာ။ ကျူရှင်သွားရင်၊ ကျောင်းသွားရင်တောင် ဒီချိန် ဒီနေရာ မှာ ကျွန်တော့ကိုစောင့် ဧကန်တွေ့ရမှာပါ။ အဲ တစ်နေ့။ လာပြန်ပြီ၊ ကျွန်တော့သူငယ်ချင်းက ဘောပင်ဝယ်ချင်လို့ လမ်းကျောင်းပြောင်းပြီး သွားခဲ့ပါတယ်။ အပြန်အိမ်လည်းရောက်ရော အဖေက မင်းမနက်က ဘယ်သွားတာလည်းတဲ့ကဲ။ အဲလို

Written by saooaime

February 21, 2009 at 10:07 pm

Posted in Young hood, about me, their thought

Tagged with

သစ်ရွက်ကြွှေခြင်း

without comments

သစ်ပင်ရယ်၊ သစ်ရွက်ရယ်၊ လေပြေရယ် . . . . မင်းရယ်၊ ငါရယ်၊ ကံတရားရယ် . . .

သစ်ရွက်ကြွေကျတာ သစ်ပင်ကနေခွင့်မပြုတော့တာလား လေပြေကသယ်ဆောင်သွားလို့လား သစ်ရွက်ကပဲခွဲခွာသွားခဲ့တာလား

အင်းမင်းကကော

Written by saooaime

February 20, 2009 at 4:55 am

ကျွန်တော့အကြောင်းသူတို့အမြင်

without comments

နှလုံးသားတို့ . . .

သင်တို့ရရှိထားတဲ့ချစ်ခြင်းတွေကို မင်းတို့ဆီမှာထာဝရသိမ်းထားဖို့ရည်ရွယ်ထားရင်

အဲဒီလက်ခံမှုဟာ မင်းအတွက် နာကျင်မှုသာ ရှိခဲ့ရင်

တစ်ဘ၀စာ ချစ်နေမယ့်သူ တစ်သက်စာ ဝေးကွာနေခဲ့ရမယ်ဆိုရင်

လှုပ်ရှားမှုအတိုင်းကသူ့အတွက် ဒါပေမယ့် သူ့အတွက် ဟာသပြဇာတ်တွေသာဖြစ်ခဲ့ရင်

အခု IT ခောတ်မှာ နှလုံးသားကို partition ပိုင်းပြီး သူ့အတွက် main ထားလိုက်မယ်

အင်း အဲဒီတော့ တခြားလူတွေအတွက် virtual တွေရပြီလေ

ကဲဒါပဲ

Written by saooaime

February 20, 2009 at 4:50 am

ကျွန်တော့အကြောင်းသူတို့အမြင်

without comments

အကြောင်းအရာတစ်ခုကိုစဉ်းစားတိုင်း သူ့အကြောင်းမတွေးမိတော့ဘူးပေါ့။ အရောင်တွေ့တိုင်း အပြာရောင်ကိုပဲ မြင်နေရတာ color blind ကြောင့်လား။ သူ့ကိုမေ့ဖို့ကြိုးစားတဲ့အချိန်ကစပြီး အရောင်တွေပြန်မှန်သွားပါပြီ။ သူ့ကိုတော့ မေ့လို့မရနိုင်ပါဘူး။ သူ့ကို ချစ်နေအုံးမှာပေါ့။ ဒါပေမယ့် စိတ်ထဲကအသိတစ်ခုအဖြစ်အနေနဲ့ပဲ အမြဲသိမ်းဆည်းထားတော့မှာပါ။

Written by saooaime

February 17, 2009 at 10:57 pm

Posted in about me, their thought

ကျွန်တော့အကြောင်း သူတို့အမြင်

without comments

တစ်ခါတစ်လေကိုယ့်ကို အလုပ်ရှုပ်နေတဲ့လူ တစ်ယောက်အဖြစ်မြင်ချင်တယ်။ တကယ်သေချာကြည့်တော့ ဘာလုပ်ရမှန်းမသိတာပဲ။ ကောင်းရော။ ဟုတ်တယ် လုပ်ချင်တာတွေများနေသလိုပဲ။ လုပ်မယ်ဆိုတော့ အလုပ်ကမရှိတော့ဘူး။ အဲလို . . .

တစ်နေ့က အိမ်ပြန်တော့ စဉ်းစားမိတယ် ဒီနေ့မီးလာတယ် ပြန်ရောက်ရင်လုပ်စရာတွေရှိတယ်ပေါ့။ အိမ်ရောက်လို့ ကွန်ပျူတာလဲဖွင့်ပြီးရော ဘာလုပ်ရမှန်းမသိတော့ဘူး။ ဒါနဲ့ သီချင်းဖွင့်လိုက်တယ် ပြီးရော

Written by saooaime

February 10, 2009 at 4:47 am