Archive for September 2008
သူ (continued . . .
ရောင်ပြန်ထွန်း အလင်းမဲ့နေရာ
လေဟာနယ် ကမ္ဘာတစ်ခု
ပြုံးရောင်သန်း ရှက်သွေးဖြာ
စိတ်ကူးယဉ် အလင်းတွေနဲ့
လှောင်ပိတ်ရက်သူ
အကြင်နာမဲ့ နှလုံးသားဗလာ
အရောင်တွေမပါ အသွင်အပြင်တစ်ခု
နာကြင်မှု အစွန်းအပဲ့တွေနဲ့
နေရစ်ခဲ့သူ၊
ယုံကြည်မဲ့ မျှော်လင့်ချက်ဗလာ
နေခြည်မဖြာ နံနက်ခင်းတစ်ခု
ဆောက်တည်မဲ့ ခြေလှမ်းတွေနဲ့
လျှောက်လမ်းခဲ့သူ၊
ချစ်သူမဲ့ လက်ဗလာ
ရင်ခွင် ဟာ အပြုံးတစ်ခု
အမုန်းမဖတ် ငါ့ကမ္ဘာကို
ပိုင်စိုးခဲ့သူ၊
အဆုံးမဲ့ ရယူမှုဗလာ
ချစ်ခြင်းသာ ပိုင်ဆိုင်မှုတစ်ခု
ရင်ခုန်ရင်း ကြည်နူးမှုတွေနဲ့
နေတက်ခဲ့သူ။
ချစ်လျက်ပါ
ရင်ထဲမှာ ခံစား
ကြေကွဲရင်း ကြည်နှုးမှုတွေနဲ့
မင်းကို ချစ်မိတာ . . .
အရင်လို မဟုတ်တဲ့အပြုံး
အကြင်နာမျက်လုံး မင်းမှာမရှိတော့ပေမယ့်
ရူးနေရဆဲ အတွေးတွေထဲမှာ . . .
. . . ဆက်ရန်
မခြွေစတမ်း
စိတ်ကူးတိုင်း မင့်ဆူးတွေ
မချစ်ဘူးတဲ့ အချစ်ဆူးလို့
ဘယ်လိုပြောပြော မင်းမယုံဘူး . . .
မကြွှေဘူးတဲ့ နှလုံးသား
ကတုန်ကရင် နုတ်ခမ်းနဲ့
မလွမ်းဘူးတဲ့ ငါ့ရင်ခွင်ကို
လမ်းဖွင့်ပေးပါ
ငါရှိနေချင်တယ် မင်းအနားမှာ
အတွေးတွေရဲ့ အဝေး
စိတ်ကူးတွေရဲ့ အလွန်
မျှော်လင့်ခြင်း ကင်းဝေးပြီး
လက်ရှိဘ၀နဲ့ ပျော်မွေ့လိုက်မယ်
အလွမ်းတွေကို မခြွေစတမ်း။ ။
Tags: ကဗျာ၊အချစ်
