Archive

Archive for August, 2008

Thing That I Value Most

August 31, 2008 saooaime Leave a comment

Thing That I Value Most

In fact, the word “value” itself is my precious things. But there is a thing that I value most.

The thing that I value most is my “house”. I love the house of my mother, father, two younger sisters and me together. We are happy, harmony, love, sharing, chatting and cheating each others. Sometimes, we may have a difficult time. At least, we could overcome it all the time. When we got success, we appreciate and share it. If a stranger enters, we will not break understanding and believing within family members. Say, all men have ego, my ego is owned by my family. I don’t like an empty home not like house. So I hate to live alone. Family gives me not just happy time but also hope, care, believe, love and share.

So I love it. I value it: the house full of family, love and kind.

Categories: essay Tags:

My Life

August 31, 2008 saooaime Leave a comment


This is my essay to apply the bar at MIT in Insein, Myanmar.

My Life

If all men have ego, that ego inside me is owned by my family. That ego was born in Monywa, October 29, 1986. It was raining windy Wednesday. I, Win Htet Aung, am the first baby of my parents. When I reached five standards, my two younger twin sisters were born. My father is an engineer. My mother was a good house wife and a good teacher for me too. She taught me until I was 4 standards. In front of my house was like a play ground for near kids. My house was near the Chintwin River. I loved to walk on the border of the River. I will never forget that time.

The whole family moved to Naung Oo when I was 8 standards. Since I had sited for the 10 standards exam, I have studied computer sciences in private schools. And then I found that to father learning, I needed to master my English. So I took times to learn English. For that reason, I attended the C.E.P.C and got a chance to learn about bar programs.

After I thought I have good enough to learn technical subjects in English, I continued my learning. Working made me more mature. I have learned that I needed more to improve myself. I am interested in Computer businesses.

My hobbies are writing, reading, learning, singing, and playing Ping Pong. I am interested in challenge. I love literature. One day, I will become an excellent writer too. I am the owner of the blog named “Intralife”. The address is www.intralife.co.cc. I have posted many poems and essays of my own. The thing I value most is my family. Everything I do is for my family. But I will live extending my ego to my relatives, friends, neighbors, my towns and my country.

I wish I will be a good technician. I wish I will be a cleaver businessman. I wish I will be an excellent writer. I wish I will be a contributor to the developments of our education. I wish I will be a respectful son to my parents. I wish I will be a great brother of my younger twin sisters. I wish I will get all of above.

Win Htet Aung

Categories: essay Tags:

အခြားရင်ခွင်

August 31, 2008 saooaime Leave a comment

ဂီတာကိုယူ ငါကြိုးညှိတော့

ချစ်သူ မင်းဘေးနားမှာမရှိ

တီးခတ်လိုက်တဲ့ ငါ့ရဲ့ သံစဉ်တွေက

နှလုံးသားသည်းပွတ် ဒါဏ်ရာတွေလေ

မင်းမသိခဲ့ဘူး ငါ့ရဲ့ ဒါဏ်ရာတွေကို

ယုံကြည်ခြင်းမခဲ့ရတဲ့ ချစ်ခြင်းတွေနဲ့

ဟန်ဆောင်ဖုန်းကွယ်ရင်း အပြုံးလေးနဲ့

အမုန်းတွေ မရှိခဲ့ဘူး

ငါ့ဆီမှာ

ချစ်ခြင်းရဲ့ သင်္ကေတတစ်ချို့

ရန်ခုန်ခြင်း ကြည်နူးခြင်းဆိုရင်

ဟိုအရင်တုန်းကလည်း ချစ်ဖူးပါတယ်

ဒါပေမယ့်

ဒီလောက်ထိ နက်ရှိုင်း တစ်ဘ၀လုံးကြည်နူးမှုတွေနဲ့

ငါ့ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းထိတော့

မင်းတစ်ယောက်ထဲပါ

အတိက်ကံကြောင့်လား ဒါမှမဟုတ်

ကံရဲ့ အနက်

အတိက်က ငါ့ရဲ့ ရည်ရွယ်မဲ့လုပ်ရပ်ကြောင့်လား

အခုတော့

အခြားတစ်ယောက်ရဲ့ ချစ်သူကို

ချစ်မိတာ ငါပါ။

Categories: Love, Poems Tags: ,

တစ်ဘ၀စာ ညံတမ်း (4)

August 18, 2008 saooaime Leave a comment

လှစ်လျူရှင် အပြစ်ယူငင်
ယစ်လူ သွင်သို့
နာကျင်ခံစား ရင်ဝယ်ဓါးနှင့်
သက်ထား ကြက်သရေ
ငါ့အသက်စေ။       ။

ချစ်ခြင်းသည် လေပြေနဲ့အတူ ရောက်လာသည်။ မိုးစက်တို့နဲ့အပြိုင် ဖွဲဖွဲလေးကျလာသည်။ ရန်ကုန်မြို့၏ ကောင်းကင်ကြီးတစ်ခုလုံးသည် မိုးတိမ်တို့နှင့်မည်းနက်နေသည်။ ဖြတ်သွားသော Bus ကား၏ အရှိန်ကြောင့် လွင့်စင်လာသော မိုးစက်ရေတစ်ချို့ ကျွနုပ်၏ ဘောင်းဘီအနားသက်တို့ကို စိုစွတ်သွား စေသည်။ ထိုနေ့သည် ခါတိုင်းထက် မိုးသည်းထန်လွင်းသည်ထင်သည်။ ပထမဆုံး English Class တစ်ခု ကို သွားရန်ရှိ၍သာ ထွက်လာခဲ့ခြင်းဖြစ်သည်။ အတန်းကို ပထမဆုံးရောက်နေသူက ကျွန်တော်။ သိပ်မကြာ ရှေ့ဆင့်နောက်ဆင့်ပါဘဲ ပိန်ပိန် အရက်တော့သိပ်မရှည် pony till ခေါ် ဂုတ်လောက်ရှိသောဆံပင်ကို အလည်မှ စည်းထားသော အသက် ခပ်လက်လက် boy တစ်ယောက်။ နောက်ပြီး တစ်ယောက် နှစ်ယောက် တဖြည်းဖြည်းနှင့် ပြည့်လာသည်။ အားလုံး 7 ယောက်ရှိသည်။ သင်တန်းကို စ လိုက်ကြသည်။ မိတ်ဆက်ကြသည်။ ရင်းနှီးမှုတွေရှိလာကြသည်။ အတန်းသည် အရှိန်ရလာသည်။ တစ်ရက်နှစ်ရက် တစ်ပါတ်။

မိုးသားကင်းစင်သော နေ့သည် အပြာရောင်ကောင်းကင်ကြီးနှင့် သာယာ၏။ နေပြင်း၏ လောင်မြိုက်မှုကိုတော့ အံတုနိုင်ရမည်ဖြစ်သည်။ မိုးသက်တို့ ကင်းစင်နေသော်လည်း နေသာ သော နေ့တစ်နေ့တော့ ဖြစ်မည်မထင်။ ဒီနေ့ အတန်းသွားရသည်မှာ အားအင်တစ်ခုက လွမ်းမိုးနေသလို။ တက်ကြွှမှုတို့ အပြည့်။ ဆရာစာသင်ချိန်တွင် သတိမထားမိ။ Discussion အချိန် 3 ယောက် group တွင် သူနဲ့ တူတူကြသည်။ ထူးခြားသော ခံစားမှုတစ်ခုပါဘဲ။ ဘာမှန်းမသိခဲ့ပါ။ သို့ ထိုနေ့အိမ်ပြန်ချိန် သည် သာယာသောနံနက်ခင်းတစ်ခုလို ကြေးငှက်တို့ဖြင့်သာယာသည်။ နေခြည်နွေးနွေးလေးနှင့် သာယာသည်။
´´ မြင်မြင်ခြင်း ချစ်ခဲ့သည် မဟုတ်ပါ။ မြင်ပြီး ကွဲကွာသွားမှ လွမ်းမိခဲ့ခြင်းဖြစ်ပါသည်´´

တစ်နေ့တစ်ခြားသူ့ကို ခံစားချက်တို့ဖြင့် ခိုးခိုးကြည့်မိသည်။ ခိုးကြည့်တာမိသွားလျှင် သူ့အပြုံးကို မြင်ရသည်။ သူ၏စကားတစ်ချို့သည် ကျွန်တော့ကိုလက်ခံနေသလိုလို။ ကျွန်တော့၏ ချစ်ခြင်းကို သူရရှိ ထားနှင့်သလို။ တစ်နေ့ ကျွန်တော်နှင့် နေရတာပျော်စရာကြီး ဆိုသော သူ၏ စကားသည် ကျွန်တော်၏ ရင်ကို ကျိန်းစပ်သွားစေသလို တစ်သက်လုံးမမေ့နိုင်သော dialogue တစ်ခုအဖြစ် ကျန်ခဲ့သည်။ ဒီလိုနှင့် နောက်ဆုံးနေ့ကို ရောက်ခဲ့သည်။ ထိုနေ့သည် သင်တန်းဆင်းပွဲနေ့ဖြစ်သလို အလွမ်းနေ့လည်း ဖြစ်သည်။ ကျွနုပ်၏ တစ်ဘစာညံတမ်းတွင် ပထမဆုံးသော နှလုံးသားကို တစ်ဘ၀လုံး လွမ်းမောစေသော အလွမ်းနေ့ တစ်နေ့ဖြစ်သည်။ ကျွန်တော်တို့သီချင်းတွေဆိုကြသည်။ ထိုအထဲတွင် ဂန္တ၀င်သီချင်းတစ်ပုဒ်ပါသည်။ အခြားသူများအတွက်မဆိုလို ကျွန်တော့အတွက်ဖြစ်သည်။ west life ၏ my life ဖြစ်သည်။ ထိုသီချင်းဆိုသောအချိန်တွင် ကျွန်တော်နှင့် သူ၏ အသံသာ အဓိက လွင့်ပျံနေခဲ့သည်လေ။ ထိုအချိန်က နောင်တစ်ယောက်ထဲရှိနေချိန်တွင် အထီးကျန်စွာ လွမ်းမောစွာ ဆိုရလိမ့်မည်လို့ မတွေးခဲ့မိဘဲ ပျော်ပျော်ကြီး သူကို ကြည့်၍ ဆိုခဲ့မိသည်။ မဆီမဆိုင် နင်ဘယ်တော့ပြန်မလဲ နင့်အတွက်လက်ဆောင်ဆိုပြီး ကွန်ဘာဘူးလေးကိုသူပေးခဲ့သည်။ ဘေးလူတွေတောင် ကြောင်ပြီးငေးကြည့်နေခဲ့ကြသေးတယ်လေ။ ထိုကွန်ဘာဘူးလေးကို အခုထိ သိမ်းဆည်းထားတာ တယုတယပါဘဲ။ သူပြောသည် ငါ့ဖုန်းနံပါတ်ယူထားမလားတဲ့။ ကျွန်တောယူမည်ဟုပြောပြီး ချက်ခြင်း မေးပြီး မှတ်ထားခဲ့သင့်သည်။ သို့သော် ထိုသို့ ကျွန်တောမလုပ်ခဲ့ပါ။ အားလုံးပြန်ကြ၍ ကျွန်တော်နှင့် သုငယ်ချင်းစကားပြောနေစဉ် သူ Bus ကားဂိတ်ကို ဆင်းလာသည်။ သူပြုံးပြသည် ပြီးတော့ မလှမ်းမကမ်းတွင်လာရပ်သည်။ သိပ်မကြာ နောက်က fashion ဆိုင်ကို သူဝင်သွားသည်။ နာရီဝက်လောက်ကြာမည်ထင်သည်။ သူပြန်ထွက်လာသည်။ နောက်ကလိုက်ပြီး သူနဲ့စကားတွေပြော ၀က်သားတုပ်ထိုးစားခဲ့သည်။ ထိုအထိ သူ့ကို ချစ်တယ်ဆိုသော စကားကို မပြောမိသေး။ ကျွန်တော့တစ်ကိုလုံးတုန်နေသည်။ လက်ဖျားတွေအေးစက်နေသည်။ Bus ကားဂိတ်ပြန်ရောက်လာတော့ နှစ်ယောက်သားစကားမပြောဘဲ အတော်ကြာငြိမ်သက်နေမိသည်။ ရင်ထဲမှာတော့ မင်းကို ချစ်တယ်ဆိုသောစကားတွေ အပြည့်။ နင့်မှတ်တိုင်က ဟိုဘက်မဟုတ်လားဆိုသော သူ့စကားနဲ့အတူ သူကားပေါ်ပြေးတက်နှုတ်ဆက်သွားသည်။ လူအပြည့်နှင့် မောင်းထွက်သွားသောကားကို ငေးမောရင်း ပလက်ဖောင်းပေါ်ထိုင်ချလိုက်သည်။ ကျွန်တော်နောက်ထပ်မရေးချင်တော့သော ဒီ တစ်ဘစာညံတမ်းကို တစ်ဘ၀လုံးညံခဲ့သမျှတွင် အညံဆုံးကို ရေးခြင်းဖြင့်အဆုံးသတ်ခြင်ပါသည်။

Categories: diary

မပြောခဲ့ပါ

August 14, 2008 saooaime Leave a comment

ချစ်သူအကြောင်းကိုမပြောချင်ပါ

သို့သော်ပြောခဲ့ရသည်

အဘယ့်ကြောင့်ဆိုသော်

အပြင်းထံဆုံးလှုပ်ရှားမှုဖြင့် ခုန်ခဲ့ရသောရင်သည်

ကျွန်တော်၏ နှလုံးသားကိုထိန်းချုပ်လိုက်သည်

ထို့ကြောင့် သူ့ကိုပြောရသည်

ချစ်သူသည် ကျွန်တော့အကြာင်းကို

မေ့ပြစ်နိုင်သည်

အဘယ်ကြောင့်ဆိုသော်

အပေါ့ပါးဆုံးလေပြေနှင့် အေးမြမှုက

သူ့ကို ပြုံးစေခဲ့သောကြောင့်ဖြစ်သည်

သူ၏ ရင်ခုံသံသည် ဘေးနားတွင်ရှိသော

ကျွန်ုပ်မဟုတ်သော အနားသတ်ပခုံးတစ်ခုတွင်

မှေးစပ်နေသောကြောင့် လေပြေသည်

သူတို့နှစ်ဦးအတွက် နှစ်သိမ့်မှုကို

ပေးခဲ့သည်၊

သို့သော် ထိုလေပြေသည်

ကျွန်ုပ်ဖြစ်သည် ကိုလည်းကောင်း

ကျွန်ုပ်၏ နှလုံးသား ဖြစ်သည်ကိုလည်ကောင်း

မပြောခဲ့ပါ မပြောဖြစ်ခဲ့ပါ

Categories: Love, Poems

မုံရွာသို့အလွမ်း

August 14, 2008 saooaime Leave a comment

ကျွန်တော့ဇာတိချက်မြုပ်ရာ မုံရွာနှင့် ဝေးကွာခဲ့သည်မှာ ၈ နှစ်ခန့်ရှိခဲ့ပေပြီ။ အခုလို ချင်းတွင်းမှာ မုံရွာရဲ့ အငွေ့အသက်တွေရရှိခဲ့တဲ့အတွက် ချင်းတွင်းကို ဖန်တီးခဲ့ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်။ ကျွနုပ်၏ မုံရွာအလွမ်းကို ဒီနေရာမှာ ဖွင့်ခွင့်ပြုစေချင်ပါသည်။
(၁)
ကျွန်တော့နေရပ်က ရုံးကြီးရပ်၊ ချင်းတွင်းမြစ်နှင့် လက်တစ်ပြတွင်ရှိသည်။ တာရိုးကြီး၏ ကတ္တရာလမ်းမ တစ်ဘက်တွင် ဆောက်လုပ်ရေးရုံးရှိ၏။ ရုံးဝန်းထဲတွင် ကျွန်တော်အမြတ်နိုးဆုံးအိမ်ကျွန်တော့တစ်သက်တာ တသသလွမ်းနေမည်ဖြစ်သောအိမ်။ ကျွန်တော့ ကလောင်နံမည်ကို စဦးအိမ်ဟု ပေးရခြင်းသည်လည်း ထိုအိမ်ကိုလွမ်းသောကြောင့် တမ်းတသောကြောင့် ဖြစ်သည်။ ထိုအိမ်သည် ဝေဠုဝန်လမ်းဟုခေါ်၍ ကလေး၊ ခွေး အလွန်ပေါသောလမ်းပေါ်တွင်ဖြစ်သည်။ ငယ်ငယ်တုန်းက ကျွန်တော်တို့ပြေးလွှားဆော့ကစားနေကြစဉ် ကလေးများနှစ်သက်ရာ လျှက်စားသည် လာလေ့ရှိသည်။ လျှက်စား တစ်ထုပ် 15 ပြား ဆိုသော အသံကြားလျှင် အလုအရက် လက်ဝါးဖြန့်ကြသည့် အထဲတွင် ကျွန်တော်လည်းပါသည်။ လျှက်ဆားသည်ကြီးကလည်း `ဟ ဒီလမ်းက ကလေးပေါလှချည်လား` ဆိုပြီး အံသြရသည်အထိဖြစ်သည်။
`လက်ဝါးတွေဖြန့်ရင် လျှက်ဆားတွေရမယ်နော် လျှက်ဆား´
ထိုအသံကိုတမ်းတဆဲ။ ကျွနုပ်၏အိမ်သည် ၀န်ထမ်းအိမ်ဖြစ်သည့်အလျှောက် နှစ်အိမ်ပူးထားသော ၀န်းထရံကာ သစ်သားအိမ်မျိုးဖြစ်သည်။ ကမ်နားရပ်ကွက်လည်းဖြစ်သည့်အလျောက် ခြေတိုင်အိမ်ရှည်အမျိုးအစားဖြစ်သည်။ လမ်းထဲတွင် ကျွနုပ်၏ အိမ်ရှေ့မြေပြင်ကျယ်သည် ကလေးများ ဆော့ကစားရာ ကစားကွင်းအဖြစ်တည်ရှိနေခဲ့သည်။ အိမ်ရှေ့တည်တည့်တွင် ကုက္ကိုပင်ကြီးရှိသည်။ ထိုကုက္ကိုပင်ကြီးသည် အခုထိ ကျွနုပ်ရင်တွင်းရှိ အထိမ်းအမှတ်အပင်တစ်ပင်လည်းဖြစ်သည်။ ထိုအပင်အောက် ဆော့ကစားခဲ့သည်များကို အမှတ်ရတမ်းတမိနေဆဲ။ အမြဲရှောက်ခဲ့တဲ့ တာရိုးပေါ်က လမ်းတွေပေါ်မှာ ကျွန်တော့ခြေရာလေးတွေရှိသေးရဲ့လား။ ချစ်တွင်းမြစ်ပြင်ကြီး အချိန်မဲ့ထိုင်ကြည့်နေဖို့ကျွန်တော့မှာအခွင့်မရှိတော့ဘူးလား။ ဒါတွေကိုတစ်နေ့ ကျွန်တောပြန်ယူမည်။ ကျွန်တောပြန်လာမည်။ သို့သော် ပြန်မလာနိုင်မှီ ထိုအမှတ်တရ များကို ချင်းတွင်းမှာ တမ်းတခွင့်ပြုမည်ဆိုလျှင် . . .

www.chintwin.com forum တွင် ကျွန်တော်ရေးခဲ့သည်များကို မှတ်တမ်းတင်ပါသည်

Categories: diary, life, personal

လှတယ်

August 9, 2008 saooaime Leave a comment

လှတယ် မသိမသာလေးလှတာ

လှတယ် ချက်ခြင်းသတိမထားမိဘူးလေ

လှတယ် ကြည့်ရင်း ရင်တွေခုန်ခဲ့မိတာပေါ့

လှတယ် သိပ်လှတယ်

အလှတရားဆိုတာ မင်းကိုတွေ့ တော့

သိပ်ချစ်စရာကောင်းပြီး လှတယ်ကွာ

အပြစ်ကင်းဖြူစင်တယ်

တဏှာကင်း လေညှင်းလေးနဲ့

လှတယ် ချစ်သူ

အဲဒီအတိုင်းပဲလှတယ် မနာလိုသူတွေရဲ့ အလို

ပြင်ဆင်မှုအပိုတွေကို မင်းမလိုအပ်ဘူးချစ်သူ

နေမင်းတောင်မင်းရဲ့ အလှတရားကို `lighting`ပေးရ

မိုးရွာပြီုးစ သက်တံလေးလို

နေ၀င်ခါစ ဆည်းဆာလေးလို

အေးမြ ပြေဆင်း

ငြိမ့်ဆင်း သံသာ

စမ်းရေ ကမ်းနား

လေညှင်း သွင်လာ

မိုးပြာ ခြေဆင်း

တွံကြူး ငှက်ငယ်

အဲဒီ နံနက်

အဲဒီ ရှုခင်း

အဲဒီ ပန်းချီ

မင်းမှာ ရှိတယ် ။

Categories: Love, Poems

ငါမရတဲ့အလင်း

August 9, 2008 saooaime Leave a comment

နံနက်ခင်းမိုးသောက် အလင်းရောက်နေတယ်

ငါ့အတွက် အလင်းရောင်ဆိုတာရော

တကယ်တော့ သဘာဝတရားကြီးက

ငါ့တို့ တွေ အားလုံးကို အညီအမျှ အလင်းတွေပေးထားတယ်လေ

နောက်မှ ငါသတိထားမိတယ်

ငါလိုချင်တာ ဒီအလင်းလား

မဟုတ်ဘူး

ရောင်ပြန်အလင်း

တစ်စုံတစ်ခုက ပြန်လာတဲ့အလင်း

ဒါပေမယ့်

ငါမရရှိတဲ့ တစ်ခုသောအလင်းရောင်က

အဲဒီအလင်းဖြစ်နေတော့

Categories: Love, Poems

အိမ်မက်

August 9, 2008 saooaime Leave a comment

မင်းကိုစွဲလမ်းလို့ အိမ်မက်မက်မိတာ

အိမ်မက်ထဲတောင် မင်းက တစိမ်းဆံလိုက်တာ

ငါယောင်မိတဲ့မင်းရဲ့ နံမည်တောင်

ငါသောက်ခဲ့တဲ့ ကော်ဖီခွက်တွေက

ပဲ့တင်ထပ်ပြီး လှောင်ရယ်နေကြတယ်လေ . . .

ကောင်းပါတယ်လေ

ငါ့ရဲ့ အနားယူ အိပ်စက်ချိန်မှာ မင်းရှိနေတာ

တစ်နေ့ တာ ခမ်းချောက်မှုတွေအတွက် အားအင်တွေပေါ့ . . .

စိတ်ကူးတစ်ခုရဲ့ အဖြစ်အပျက်တွေဆိုရင်

အချိန်ဆိုတာ တစ်ပါတ်ပြန်လည်လာခဲ့ရင်

ငါ မစွန့် မအ မတွေဝေဘဲ

လက်လှမ်းဆုပ်ကိုင် မိခဲ့လိမ့်မယ့်

မင်းရဲ့ လက်ဖ၀ါးနုနုတွေကို

အသက်ရှုရပ်သွားတောင် မလွှတ်တော့ဘူး။

Categories: Love, Poems

တစ်ဘ၀စာညံတမ်း(3)

August 7, 2008 saooaime 1 comment

ကျွန်တော် 10 တန်းနှစ်။ ဘော်ဒါ တက်ရတယ်။ ပထမနေ့ ရင်းနှီးမှုမရှိသေးတဲ့နေရာ အထီးကျန်ဆန်လွန်းပါတယ်။ မနက်တိုင်းအိမ်ကိုလွမ်းပြီး လောကကြီးကို စိတ်ကုန်တက်နေပြီ။ ဒီလိုပဲ နိုးလာကြ လှုပ်ရှားကြ၊ ပြောလိုက်ကြ၊ ပြီးတော့ အိပ်လိုက်ကြရတာ။ ဒီလိုနဲ့တစ်ပါတ် နှစ်ပါတ်။ သူငယ်ချင်းတွေနဲ့ အထိုက်အလျောက်ပျော်ရွှင်တက်နေခဲ့ပါပြီ။ တစ်နေ့ မှတ်မှတ်ရရ ဇီဝဗေဒအချိန်။ ကျွန်တော်တို့ယောက်ျားလေးတွေရောက်နှင့် နေကြပြီး မိန်းကလေးတွေ ၀င်လာကြတယ်။ တစ်ယောက်ခြင်းဆီ သေသေချာချာ ကြည့်မိတာပေါ့။ တစ်ယောက်သောသူ။ ကျွန်တော ထူးထူးခြားခြားသတိထားမိတဲ့တစ်ယောက်ပေါ့။ တစ်ခါမှ စိုက်မကြည့်ဘူးတဲ့ အကြည့်တစ်ချို့ သူ့ဆီကိုပုံကြသွားတော့ သူ သတိထားမိသွားတယ်လေ။ ဒီလိုနဲ့ . . .

ကျွန်တော် မိန်းကလေးတစ်ယောက်ကို၊ တကယ်တော့ မိန်းကလေးတစ်ယောက်နဲ့ အကြည့်စုံပြိး ဒီလောက်အချိန်ကြာကြာ အပြန်အလှန် စိုက်ကြည့်ဘူးတာ အဲဒီအခေါက်က ပထမဆုံးဖြစ်သလို နောက်ဆုံးလဲဖြစ်ခဲ့ပါတယ်။ ထမင်းစားချိန်တွေမှာ မိဘတွေလာကြလို့ အပြင်မှာ တွေ့ကြတဲ့အချိန်တွေမှာ တစ်ယောက်နဲ့တစ်ယောက် စကားလုံးတွေမပါ မျက်ဝန်းတွေနဲ့ပျော်ခဲ့ကြတာပေါ့။

အဲဒီနေ့ည ကောင်းကင်ကြီးတစ်ခုလုံးငြိမ်သက်နေတယ်လေ။ ကျွန်တော်ကတော့ စာကျက်နေတဲ့ အာရုဏ်ရှိနေလေတော့ ဘာတွေဖြစ်နေတယ်ဆိုတာ သတိမထားမိဘူး။ အဆောင်ထဲမှာတော့ တစ်ချို့ကျောင်းသားတွေ ရှောက်ပေါင်းခွက်ပုန်းခုတ်နေကြလေရဲ့။ တော်တော်ကြီးညနက်လာတော့မှ ရုပ်ပျက်ဆင်းပျက်တွေ မြင်လိုက်ရတော့ သတိထားမိသွားတယ်။ သူတို့တွေ ခွက်ပုန်းခုတ်နေတဲ့အချိန်မှာ ကျွန်တော်တို့တစ်သိုက်ကတော့ ဂိုက်နားမှာ ၀ဲနေကြတယ်လေ။ ဂိုက်က အဖြေလွှာစာအုပ်တွေစစ်နေခဲ့တယ်။ ကျွန်တော်တို့က စာအုပ်တွေလိုက်ကြည့်ရင်း မိန်းကလေးစာအုပ်တွေကို စိတ်ဝင်တစ်စား လိုက်လှန်နေမိတယ်ပေါ့။ အဲ သူ့စာအုပ်ကို ကျွန်တော်အမှတ်မထင်လှန်လှော်ကြည့်မိရင်း နောက်ဆုံးစာမျက်နှာ အဖုံးကြားထဲမှာ ကဒ်ထူပြားလေးတစ်ခုကို (နောက်မှသိရတယ်- ကံဆိုးစွာ) တွေ့လိုက်မိတယ်။ တိုက်ဆိုင်စွာပဲ အဲလိုကဒ်ပြား တစ်ပုံစံထဲ ကျွန်တောသိမ်းထား မိထားတာတစ်ခုရှိခဲ့တယ်။ သူနဲ့ဒီလိုက်တိုက်ဆိုင်စွာ တူနေတဲ့အချက်ကို ကျွန်တောသဘောကြသွားပြီး ပြောပြချင်မိခဲ့တယ်လေ။ ဒါကို သိတဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်တော့် ကဒ်ပြားကို ယူပြီး အောက်ပါစာသားတွေကို ရေးထည့်ထားလိုက်လေသည်။

မင်းနဲ့ငါ ဒီလိုတိုက်ဆိုင်စွာ တူညီနေတာဟာ မင်းနဲ့ငါရဲ့ ရေစက် သို့မဟုတ် ၀ါသနာ ခံစားချက် ထပ်တူမှုတစ်ခုထဲပေါ့

ငါအရမ်းဝမ်းသာမိတယ်ကွာ

ဒါလေးပါပဲ။ တခြားမည်သည့် အပိုစာသား အဓိပါယ်တစ်ခုမျှမပါခဲ့ရိုးအမှန်ပါ။ ဒီလိုနဲ့ ဒီကဒ်ပြားနှစ်ခုကို သူ့စာအုပ်မှာ ညှပ်ပေးထားလိုက်၏။ နောက်နေ့မနက် မိန်းကလေးဆောင်မှ ဂိုက်မက ဆရာဆီကို တိုင်ကြားသံနောက်ပြီး ကျွန်တော့်ကို ခေါ်လေတော့သည်။ နောက်ပြီး . . .

အဲဒီနေ့က အရက်သောက်ပြီး ရှောက်ဘွဲရသော သူငယ်ချင်းများ(ဥပမာ- သွားခေါသူဆို ရှောက်ခေါ၊ စကားအပိုကြွားပြောသူကို ရှောက်ဖော၊ သူများပစ္စည်း လှုံသူကို ရှောက်လှုံ) နဲ့အတူ ကျွန်တောက စာခိုးပေးမှုနှင့် အရိုက်ခံလိုက်ရလေသည်။ ထိုအချိန်မှ စ၍ တစ်ကျောင်းလုံး တစ်မြို့လုံးတွင် ကျွန်တော်သည် . . .

ထိုအရာသည် ငယ်ငယ်ကတည်းကကျွန်တော့ရဲ့ နက္ခတ်ဖြစ်မည်ထင်သည်။ မိမိအမှားတစ်ခု သို့မဟုတ် မကောင်းသော မိမိမလုပ်ဘူးသည့် အရာများကို မည်မျှပင်းသေးငယ်စေကာမှု လုပ်မိသည်ဆိုလျှင် ဟိုလေးတစ်ကျော်ဖြစ်ခဲ့သည်ကြည်းဖြစ်သည်။

Categories: diary, personal