Archive for July 2008
အပိုင်း 2
ဒီလိုနဲ့ သူနဲ့ တင်မကဘူး သူ့အိမ်နဲ့ပါရင်းနှီးလာတာဗျ။ သူကလည်း အိမ်ကို လိုက်လည်တယ်။ အမေကဆို အရမ်းသဘောကြတာ။ ချစ်စရာလေးဆိုပြီးပေါ့။ ညီမနှစ်ယောက်ကတောင် သဘောတူတယ်ဆိုပဲ။ ကျွန်တော်တို့ကျူရှင်က ကျောင်းမသွားခင် 7 နာရီမှာလည်း တစ်ချိန်ရှိသေးတယ်။ ကျူရှင်ပြီးလို့ ကျောင်းသွားဖို့ပြင်ပြီဆို သူက အတင်းကိုတားတာ။ သူနဲ့ အတူတူသွားပေါ့။ ကျောင်းအ၀င်မှာ ကောင်ကလေးတွေကစလို့တဲ့။ ကျွန်တော်ကလည်း မရဘူး ဘာမှ မဖြစ်ပါဘူးဆိုပြီး အတင်းကို သွားတာ။ ဘာလို့လဲမသိဘူး ရှက်ကိုရှက်တက်တာ။ ဘယ် ကောင်မလေးတစ်ယောက်နဲ့ အတူတူလမ်းလျှောက်သွားတယ် ဆိုတာ ရာဇ၀င်မှ မရှိခဲ့ဘူးတာ။ အဲလို . .
ကျောင်းပိတ်ရက်တစ်ရက်။ ကျူရှင်က ဆင်းပြီ။ သူက ကမ်းနားက သူ့အဒေါ်အိမ်သွားမလို့ဆိုပြီး ကျွန်တော့ကိုခေါ်တာ။ ရှမ်းမ သဲသဲ လည်းပါသားနဲ့ သွားပေါ့ကိုယ့်ဖာသာကို ဟုတ်တယ်မဟုတ်လား။ အတင်းကိုမရမကခေါ်တော့တာ။ ဒါနဲ့ လိုက်သွားရရော။ ကျွန်တောက ခပ်ဝေးဝေးက နင်းတယ်။ ဒါကို ဘာဖြစ်တာလဲ အတူတူသွားမယ်ဆိုပြီးတော့ အော်သေးတာ။ ကျွန်တော်ကရှက်တာကို။ နောက်ခဏနေတော့ ရှမ်းမကို တင်နင်းဖို့ပြောတယ်။ ပြောတယ်တာ ပြောတာ။ ရှမ်းမက အနောက်ကိုရောက်နေပြီ။ သူက၀တော့ ၀ိုက်က လေးတယ်။ ဒါပေမယ့် ကျွန်တော်က အဲလောက်တော့ အသာလေးရယ်။ သူ့ထက်လေးတဲ့ ဆရာမကိုတောင်တင်နင်းလာတာ။ ဒါပေမယ့် သိတယ်မဟုတ်လား ဟန်ဆောင်ပြီး မနိုင်ဘူး ဘာဘူး ပြောပြီး အတင်းဆင်းခိုင်းတာ။ အပြန်ကြအတင်းကို ပြန်မယ်လုပ်တာ။ သူက အိမ်အထိလိုက်ပို့စေချင်တာ။ လဘ္ဘက်ရည်ဆိုင်ရှေ့ဖြတ်သွားရမှာ မိန်းကလေးနှစ်ယောက်ထဲ ဆိုပြီးတော့။ ကျွန်တောကလည်း ဘာဖြစ်လဲရပါတယ်ဆိုပြီးအတင်းကို နင်းပြေးတာ။ စိတ်ဆိုးပြီးကို ကျန်ခဲ့ရော။
တစ်နေ့ သချာင်္ပုဒ်စာအသစ်တစ်ပုဒ်ကို ဆရာမက တွက်ခိုင်းတယ်။ ပုဒ်စာက ဆရာမယူလာတဲ့စာအုပ်ထဲကဆိုတော့ တစ်အုပ်ထဲပါတာ။ကော်ပီ တစ်စုံ လည်းပါတယ် ဆရာမသင်ဖို့။ ဒါနဲ့ ခေါင်းချင်းဆိုင်ပြီးကို ကြည့်ရတာ။ ကျွန်တော် ဘေးက သဲသဲ။ နောက်ပြီးမေသော်၊ ရဲသူအောင်က ဆရာမနဲ့ကြည့်တယ်။ သဲသဲက ဒီဘက်တိုး ဆိုပြီးကြည့်ခိုင်းတာကို မရဲတရဲနဲ့ တိုးတာပေါ့။ ဒါနဲ့ ထအော်တယ် အောင်မာ ယောက်ျားလေးက ပိုနေတာ ဆိုပြီးတော့။ အဲဒီတုန်းကလေ မေသော် က ဘယ်နှနရီရှိပြီလဲ ဆိုပြီး နာရီကို လှမ်းကိုင်တာ လက်ကို ထိမိတာ အေးခနဲပဲ။ အခုပြန်စဉ်းစားရင် အခုရင်ခုန်တယ်။ ကိုင်း အဲလို။
ဒီလိုနဲ့ 8 တန်းတွေအောင်ပြီး။ 9 တန်းတက်တော့ သူ့ဆီမှာ မတက်တော့ဘူး။ အော် တစ်ခုပြောဖို့မေ့နေတာ ကျူရှင်က ၀ိုင်းခေါ်တာ။ သူ့အိမ်က လုပ်တာပေါ့။ အဲတော့ 9 တန်းကျ သူငယ်ချင်းအရင်းကြီးတွေ မိုးဇော်မင်းတို့ အောင်ကျော်စံတို့ နဲ့ ပြောင်းတက်ကြတာ။ အဲဒီမှာ သူ ဒေါသတွေကို ထွက်လို့ အိမ်ကိုတောင်လာတိုင်တဲ့အထိ။ မရဘူး ကျွန်တော်ကလည်း စာနဲ့ အချစ်နဲ့ ခွဲခြားတက်တယ်လေ။(ဟဲ ဟဲ) နောက်ပိုင်း. . . 10 တန်းပြီးတော့ တခြားမြို့တစ်မြို့ကို သူ့အဖေနဲ့ အတူပြောင်းသွားတယ်ဆိုပါတော့။
တစ်ခါတစ်လေ ရှားပါတယ် သူပြန်လာတက်တယ်။ ကျောင်းပိတ်တဲ့ အချိန်လေ။ သူက law ယူထားတာ။ နဂိုကမှ စကားကတက်တာ ဒီဘာသာပါ ယူလိုက်တော့ပြီးရော။ သူပြန်လာတာကြားရင်သွားတွေ့ပြီး စကားတွေအကြားကြီး ပြောဖြစ်ကြတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ နောက်တစ်ယောက်အတွက် အရှက်ကွဲပြီးပြီ။ ပြောပြသေးတာပေါ့ . .
ကျွန်ုပ်၏ တစ်ဘ၀စာ ညံတမ်း
အဲဒီတုန်းက ကျွန်တော် 8 တန်း ကျူ ရှင်အသစ်တစ်ခုကို အသိဆရာတစ်ယောက်ကြောင့် ရောက်ခဲ့တယ်ဗျ။ အဲဒီမှာ ကျွန်တော်ရယ် နောက်ထက်ယောက်ျားလေးတစ်ယောက် ကောင်းမလေးနှစ်ယောက် ပေါင်း 4 ရောက်ပေါ့။ ကျွန်တော်က ကျွန်တော့ ၀သီအတိုင်း မခင်သေးရင်စကားသိပ်မပြောဘူးဗျ။ နောက်ပြီး ကျွန်တော် 10 တန်းပြီးတဲ့အထိ မိန်းကလေးတွေနဲ့ ဟက်ဟက်ပတ်ပတ် စကားမပြောဘူး(ဟဲ ဟဲ – ကြောက်ထာလဲပါမယ်) ဒါကြောင့် ကျွန်တော်တို့ ယောက်ျားလေးနှစ်ယောက်ကတစ်တွဲတွဲပေါ့။ အဲဒီမှာ ခင်လာတော့ သူလေးကပြောတယ် `နင်က မာနတော်တော်ကြီးတယ်တဲ့ အရင်တုန်းက ငါတို့ ကို စကားမပြောချင်ဘူး´တဲ့။ အာ ဆောရီးဗျာ ကျွန်တော်လေသွားတယ်။
ပထမဆုံး သူငယ်ချင်းတွေနဲ့ အရင်မိတ်ဆက်ပေးသင့်တာ။ ကျွန်တော်နဲ့ တွဲတဲ့ကောင်က ရဲသူအောင်တဲ့၊ သူနဲ့ နောက်တဲ့တစ်ယောက်က ရှမ်းလေးဗျ ကျူရှင်ရှေ့ ကိုပြောင်းလာတာ ဒီနှစ်မှ။ သူ့ နာမည်က သဲသဲတဲ့။ နာမည်အရင်းတော့မမှတ်မိတော့ဘူး။ နောက်တစ်ယောက် နောက်ဆုံးတစ်ယောက်။ သူပေါ့။ နာမည်က မေသော်ဇင် တဲ့။ လှတယ် အရမ်းလှတယ်။ လှတာမှ သူ့ ကို ထက်ထက်မိုးဦးလို့ ကို တင်စားထားတာ။ ထက်ထက်မိုးသီးအတိုင်းပဲ အသားအရည် အချိုးအစား။ အသံ။ နောက်ဆုံးဗျာ အမှုအရာ ဟန်ပန်ကအစ။ တစ်ချို့ ဘော်ဒါတွေက ဆွေးနွေးပါတယ် မင်အထင်ပါကွာတဲ့။ ကျွန်တော်ကတော့ မရဘူး တူတယ်ဆို တူတယ်ဘဲ။ ဟုတ်တယ်မဟုတ်လား သူတို့ တူဘို့ မလိုဘူးလေဗျာ။
ဒီလိုနဲ့ ကျောင်းတွေဖွင့်ကြတယ်ပေါ့။ သူက Queen တွေထဲကတစ်ယောက်ပေါ့။ ဒါပေမယ့် သူမှာရည်းစားမရှိတာရယ်။ နောက်ပြီး အနေလည်းတည်တယ်ဗျ။ အချိန်ပြောင်းချိန်ဆိုရင် သူနဲ့ သဲသဲနဲ့ ကျွန်တော်တို့ ဆီလာပြီး မုန့် စားဖို့ခေါ်ပြီ။ ရဲသူအောင်နဲ့ ကျွန်တော်က တစ်ခန်းတည် B ခန်းမှာ။ သူက A ခန်း။ သူကဒီလို တစ်ခါမှ မလုပ်ဘူးတာရယ် ကျွန်တော်သူ့ ကိုချစ်နေတယ်ဆိုတာ သူငယ်ချင်းတွေ သိနေတာရယ်ကြောင့် ကျောင်းမှာဆို ကျွန်တော်တို့ နှစ်ယောက်စကြတယ်။ ဒါပေမယ့် ကျွန်တော်ဆိုတဲ့ကောင် ညံတာပြေပါတယ်။ တုံးတယ်ပေါ့ဗျာ။ ကျွန်တော်ကသိတယ်မဟုတ်လား ကောင်းမလေးတွေနဲ့ ဆိုခတ်တည်တည်ပဲ။ တစ်ယောက်မှ ကို စကားကောင်းကောင်းပြန်ပြောတာမဟုတ်ဘူး။ သူ့ ကိုဆိုလဲ ကျူရှင်မှာတာ စကားပြောတာ။ ကျောင်းဆို မျက်နှာချင်းဆိုင် ဖြတ်လျှောက်သွားတောင် နှုတ်မဆက်ဘူး။ အဲလိုတုံးတာ။
ဆက်ပါဦးမည် –

July 19
အာဇာနည်နေ့ အတွက် ဗိုလ်ချုပ်ဓါတ်ပုံတွေ email ပို့ တာလောက်နဲ့ ပြီးပြီ
– – - — – -
အခု ငါ့စိတ်တွေလေးနေတယ်။ ဘာကြောင့်လဲ။ အလိုမကြမှုတွေကြောင့်ပေါ့။ ချစ်တယ် . . မင်းကို သိပ် ချစ်တယ်။ သိ . .. မင်း ဘယ်မှာလဲ ငါသိတယ်။ ဒါပေမယ့် ငါဘယ်မှာလဲ။ ငါဘယ်ရောက်နေလဲ။
ချစ်သူ
တစ်ခါတရံမှာ တစ်ခုခုကို လွမ်းနေသလို၊ သတိရနေသလို၊ တမ်းတမိနေသလို၊ ဟာသတစ်ခုကို သွားပြီးသတိရမိတယ် . .
ဘာလို့မှန်းမသိ ဘာကိုမှန်းမသိ၊ ဘယ်သူ့ ကိုမှန်းလည်းမသိ၊ ဘယ်ကိုမှန်းလည်းမသိ ပဲ လွမ်းရတာ
ဘယ်လောက်လွမ်းဘို့ကောင်းလိုက်သလဲကွာ တဲ့
ရေသောက်မြစ်တွေ ကမ္ဘာမြေကြီးအတွင်းထဲကို ငုတ်လျိုးပျောက်ကွယ်သွားသလို ငါ လည်းပျောက်ကွယ်သွားနေပြီလား? တကယ်တော့
ရေသောက်မြစ်တွေက ပျောက်ကွယ်သွားတာမဟုတ်ဘူးရှင်သန်ကြီးထွားမှုအတွက် ခြေကုတ်ယူကြတာမဟုတ်လား၊
ဘာမဆိုင်ညာမဆိုင်ငါ့ အချစ်ကရော။ ထားပါတော့ လေတိုက်တာသစ်ရွက်ကြွှေဘို့ မဟုတ်ပေမယ့်  လေတိုက်လို့ တော့
သစ်ရွက်တွေမြေမှာ ဗလပွ။ ဘာပဲဖြစ်ဖြစ်ပေါ့ လေပြေကြောင့် ငါတို့ အေးမြမှု၊ သန့် ရှင်းမှုတို့ကြောင့် ခွန်အား ငါတို့ ရခဲ့ကြတာမဟုတ်လား။
ချစ်သူ လေပြေလိုတိုက်ခတ်မှုကြောင့် ကြွှေကျ ခဲ့တဲ့ငါ သန့် ရှင်းနှုးညံ့ မှုရဲ့ ခွန်အားနဲ့ ငါအသက်ရှင်နေမယ်။ တကယ်တော့ ချစ်သူက ငါကို
ဖြုတ်ချ ကြွှေကျစေခဲ့တာ သက်သက်မဟုတ်ပါဘူး ခြေချရှင်သန်နေစေခြင်တာလေ။ သရက်သီးမှည့်လိုရင့်မှည့်မှုမျိုးနဲ့ ပုတ်ပွ မြေခတာကို
မမြင်စေချင်ဘူးတဲ့။ ရင့်မှည့် ရှင်သန်ပြီး ကမ္ဘာမြေပေါ်မားမားရပ်တည်စေချင်တာ။ ချစ်သူ ဒီလိုနဲ့ ငါဟာ . . .
What is that?
Something that is waiting inside me forces me to do something. Apparently, that “something” is not unseeable, uncontrollable, unexplainable force of my heart that tends to change my ambition ever in my life never before.