Archive

Archive for June, 2008

ရေအိုင်မှာသာတဲ့လ

June 11, 2008 saooaime Leave a comment
စိတ်ကူးထဲမှာ လမ်းလျောက်နေတဲ့ ငါ
ရင်တွေခုန် အကြည့်ချင်းဆုံ လေထဲမှာ အဟုန်ဟုန်
မျက်ဝန်းကကြည့်ရင်မှာညှိ မင်းလားငါ့ကိုသိတာ
အိမ်မက်ထဲမှာလား၊ အတွေးတွေပဲလား
တစ်နေ့လုံးသဲတဲ့မိုး လမ်းမှာဗွက်တွေရွှံတွေနဲ့ပေါ့
ငါ
ပြုံးပြုံးကြီး ရင်တွေဖို ဟိုးကောင်းကင်ကလကိုလေ
တကယ်တော့
ရေအိုင်မှာသာတဲ့လ
– - – -
Categories: Love, Poems

ပျောက်ဆုံးခြင်း

June 10, 2008 saooaime Leave a comment

ငါမြတ်နိုး တန်ဖိုးထားစွာ

ငေးမောခဲ့တဲ့ ကောင်းကင်ကြီးဟာ

ဟန်ဆောင်ထားတဲ့ ဟင်းလင်းဗလာသက်သက်ပဲဆိုတာ သိလိုက်ရတဲ့အချိန်

ငါ့နှလုံးသားထဲ့မှာ ဒြပ်မဲ့အပြာတွေအပြည့် . . .

Categories: Love, diary Tags:

ဟားတိုက်ရယ်ခံရသော နှလုံးသား

June 5, 2008 saooaime Leave a comment

ငါ့ရဲ့နှလုံးသား ရက်စက်စွာ ဟားတိုက်ရယ်ခံလိုက်ရတယ် သူငယ်ချင်း

ငါ အရမ်းချစ်ခဲ့တာပါ။ အရမ်းမြတ်နိုး တန်ဖိုးထားတဲ့ မိန်းကလေးတစ်ယောက်က ငါ့ကို လှောင်ရယ်လိုက်သလိုခံစား လိုက်ရတဲ့နာကျင်မှု မင်းခံစားဘူးသလား? ငါ့ နှစ်ချိုက်စွာ မော့ကြည့်ခဲ့တဲ့ အပြာရောင်ကောင်းကင်ကြီးဟာ ဟန်ဆောင်ထားတဲ့ လေဟာနယ် ဗလာကြီးဆိုတာ သိလိုက်ရတော့ ငါ သိပ်ကြေကွဲဝမ်းနည်းမိတယ်။ ချစ်သူ မင်းရက်စက်တယ်ကွာ ရက်စက်တယ် . . .