ကျွန်ုပ်၏ ဒိုင်ယာရီ ကို Access Denied ဖြင့်ပေါ်လျှင် https ဖြင့် ဖွင့်ပါ
26 Nov
ဝါဦးလေးလမ်းကထိန်အမှတ်တရ
ကျွန်တော်တို့ ၀ါဦး(၄)လမ်းက ဒီနှစ်မှာလဲ မနှစ်ကလို ကထိန်ပွဲကို စည်ကားစွာကျင်းပခဲ့ပါတယ်။ ပထမအကြိမ်တုန်းကလိုပဲ ဒီနှစ်ဒုတိယအကြိမ်မှာ ကထိန်သီချင်းသစ်ကို သံပြိုင်သီဆိုခဲ့ကြပါတယ်။ ဒီသီချင်းကို ရေးစပ်ပေးခဲ့တဲ့ အဘနှင့် သီဆိုပေးခဲ့ကြတဲ့ လမ်းသူလမ်းသားများကိုလည်း ကျေးဇူးတင်ပါတယ်။ အသံဖိုင်ကို အောက်ကလင့်မှာ နားဆင်နိုင်ပါတယ်။ အသံဖိုင်က နှစ်ဖိုင်ပါ။ ပထမဖိုင်က ရေးစပ်သူအဘက လမ်းကို နုတ်ဆက်တဲ့သီချင်းဖြစ်ပြီး ဒုတိယဖိုင်ကတော့ လမ်းကထိန်(ဒုတိယအကြိမ်) သီချင်းဖြစ်ပါတယ်
ဒီဗီဒီယိုဖိုင်ထဲမှာ ပထမအကြိမ်မှ သီချင်းကိုလည်း ထည့်သွင်းထားပါတယ်
12 Oct
နိုးထခြင်း
နိုးထခြင်းက မနက်ဆိုရင်
မအိပ်ခဲ့တဲ့ရက်တွေကို ဘယ်လိုပြောမလဲ
ငါ့အတွက် နိုးထခြင်းဆိုတာ
မင်းရှိကတည်းက အိပ်မက်ထဲမှာ
မအိပ်စက်ခြင်းနဲ့ နံနက်တွေအပြည့်ပေါ့။ ။
6 Oct
ဘုံထုတ်ခြင်း
နှလုံးသားကို ဖတ်ကြည့်လိုက်ရင်
ဗြုတ်စဗျင်းတောင်း ဗလပွနဲ့
အပြုံးဒဏ်ရာတွေကို တွေ့ရပေမယ့်
အချုပ်ကတော့ မင်းပဲ။ ။
2 Oct
ကျးဇူးတင်ခြင်း
www.google.com ကို ခေါ်လိုက်လျှင် မိမိကြိုက်နှစ်သက်ရာ ဓါတ်ပုံကို ပေါ်လာနိုင်စေသော google team အားလည်းကောင်း၊ လက်ခံပေးပါသီချင်းကို ဖန်တီးပေးသော ရယ်ဂျီနှင့် မျိုးကြီးအားလည်းကောင်း အထူး အရမ်းကို ကျေးဇူးတင်ပါကြောင်း
1 Oct
During the October
အရာအားလုံးကို တိတ်ဆိပ်စွာ ခံစားဖို့ ကြိုးစားရအုံးမယ်
မင်းနဲ့ တွေ့မှ သိလိုက်တာ ငါ မရင့်ကျက်သေးဘူးပဲ
နှလုံးသားကို ဦးစားမပေးသလို စွန့်ပစ်ထားတဲ့သူလဲမဟုတ်ပါဘူး
နှလုံးသားကို တန်ဖိုးထားသူပါ
ဒါပေမယ့် ငါတန်ဖိုးထားတဲ့ အရာတွေက ငါ့ကို ရိုက်နှက်ခဲ့ကြတယ်လေ
တစ်ခါတစ်ရံ အဆုံးကို အမြန်ရောက်ချင်မိခဲ့ပေးမယ့်
အဆုံးက အမြဲတမ်း မမှီရာငါ့ရဲ့ လက်တစ်ကမ်းအကျော်မှာ အမြဲတမ်း ရပ်နေခဲ့တာ
ငါ့ဘ၀ကို ဖြစ်နေပြီ
ငါ့ရဲ့လေလွင့်မှုလို သတ်မှတ် ခဲ့မိတာ
တကယ်တော့ ငါ့ရဲ့ စိတ်က လေလွင့်မှုကို ကြိုက်နှစ်သက်နေသလားပဲ
ဒူးထောက်တာကို ဘယ်လိုပဲသတ်မှတ်သတ်မှတ်
ငါ မင်း ဒူးထောက်ထားတယ်
1 Apr
အချိန်
အချိန် ဆိုတာဘာလဲလို့
ငါသိသွားပြီ
တကယ်တော့ အချိန်ဆိုတာ
မင်းမရှိပဲ နေထွက် နေ၀င်တာကို
ပြောတာ
1 Apr
သတိရလို့
သတိရလို့ လျှောက်လုပ်မိတာ
သတိရစရာတွေ ပဲဖြစ်နေတယ်
မင်းကို မတွေးမိအောင် နေတာတောင်
မိန်းမချောလေးတွေက ရှုပ်လိုက်တာ
သူတို့ကြောင့် မင်းကို ပဲ မြင်နေတာ
ဘယ်လိုလုပ်မလဲကွာ မင်းမရှိရင်
လူတိုင်းက ပြောကြလိမ့်မယ်
မင်းမရှိလဲ နေမှာ ပဲ နေရမှာပဲပေါ့
ဒါပေမယ့်ကွာ မင်းရှိနေတော့ ပိုမကောင်းဘူးလား
ရိုးရိုးလေးပါ
ရိုးရိုးလေးပဲလွမ်းမိပြီး ရိုးရိုးလေးပဲတောင်းတမိတာပါ
အဲဒါကြောင့် မင်းလည်း ရိုးရိုးလေးပဲတွေးပြီး
ငါ့ကို ရိုးရိုးလေးပဲ လက်ခံပေးပါ
အဲဒီရိုးရိုးလေးနဲ့ပဲ ငါ့ဘ၀ကို
ရိုးရှင်းစွာ တည်ဆောက်ပါရစေကွာ။ ။
24 Mar
လူတစ်ယောက်အကြောင်း
လူတစ်ယောက်သည် ပျော်ရွှင်တက်ကြွသော အပြုံးနှင့် ဖုန်းကိုကောက်ကိုင်လိုက်သည်။ သူ၏ ဘေးနားတွင် ဘယ်သူမှမရှိ။ သူနှင့် အထီးကျန်သော ဂစ်တာတစ်လုံးသာရှိသည်။ ကျွဲပါးတွင်တီးမိသော စောင်းဖြစ်သည်ဟု အပြောခံရဘူးသော ဂစ်တာ၏ တေးသံသည် နတ်သမီးတစ်ပါးအတွက်ဖြစ်သည်။ ထိုလူ အနှစ်သက်ဆုံးမှာ သူနှင့်အတူရှိနေရခြင်းဖြစ်ပြီး သူ အမြဲမျှော်လင့်မိနေသည်မှ ထိုနတ်သမီး၏ အပြုံးဖြစ်သည်။ သို့သော်နတ်သမီးသည် သူ့ကိုသူ သာမာန်အဖြစ် ကိုယ်ထင်ပြပြီး ထိုလူ၏ နှလုံးသားကို တံခါးပိတ်ဖို့ ကြိုးစားလေသည်။ ထိုလူသည် ယုံကြည်ချက်ခိုင်မာပြီး စိတ်ဓါတ်တည်ကြည်ရန် ကြိုးစားနေသော နှုးညံသောနှလုံးသားပိုင်ရှင်ဖြစ်သည်။ ထိုသို့သူ့နှလုံးသားကို ရိုက်ခတ်လာသော နတ်သမီး၏ တင့်တယ်မှုနှင့် အေးချမ်းတည်ငြိမ်မှုကို ပေးနိုင်သော အပြုံးများသည် သူ၏ သိစိတ်မှ မသိစိတ်၊ သွေးသားထဲသို့ နက်ရှိုင်းစွာ ၀င်ရောက်ပျော်ဝင်သွားလေသည်။
လူတစ်ယောက်သည် ပျော်ရွှင်တက်ကြွသော အပြုံးနှင့် ဖုန်းကိုကောက်ကိုင်လိုက်သည်။ သူဘေးနားတွင် ဘယ်သူမှမရှိ။ သူနှင့် များစွာသုံးခြင်းခံထားရသော ကွန်ပျုတာ တစ်လုံးသာရှိလေသည်။ ထိုကွန်ပျုတာသည် သူ၏ အထီးကျန်မှုကို ညင်သာစေပြီး ဘ၀၏ စိတ်ကူးများကို ပုံဖေါ်ပေးသည်။ ထိုကွန်ပျုတာကို နတ်သမီး၏ သော့ဖြင့် ဖွင့်လိုက်သောအခါ အနာဂတ်တစ်ခု ပီပြင်စွာပေါ်လာလေသည်။ ထိုပေါ်လာသော အနာဂတ် ပုံရိပ်သည် ထိုလူ ၏ နောက်ဆုံးဘ၀ဖြစ်လေသည်။ ထိုကြောင့် အကြင်နတ်သမီး၏ ဖျောက်ဖြတ်ရန် ကြိုးပမ်းမှုကို တောင်းပန်ပါရစေ။ ဤသည်မှာ ထိုလူအား ဘ၀ဆုံးစေခြင်းသာ ဖြစ်ပါလိမ့်မည် အကြင်နတ်သမီး။
လူတစ်ယောက်သည် ပျော်ရွှင်တက်ကြွသော အပြုံးနှင့် ဖုန်းကိုကောက်ကိုင်လိုက်သည်။ သူသည် ဖုန်းမရှိသော သို့မဟုတ် ကိုင်မည့်သူမရှိသော သို့မဟုတ် ကိုင်ရန်ဆန္နမရှိသော နတ်သမီး၏ ဖုန်းကို ဆက်ရန် ကြိုးစားနေလေသည်။ ထိုဖုန်းသည် ယခုရောက်ရှိနေသော အခန်းကျင်းလေးထဲမှ လွတ်မြောက်ခွင့် ရရန် မျှော်လင့်ချက်ဖြစ်သည်ကို အကြင်နတ်သမီး သိစေချင်ပါ၏။
15 Mar
အရင်ချိန်
မင်းမရှိသေးတဲ့ ကလေးဘ၀မှာ
ငါပဲရှိခဲ့တဲ့ အချိန်တွေကို
မင်းကြောင့်လွမ်းတဲ့ အချိန်တိုင်း
ငါပြန်လိုချင်နေတာ မင်းကြောင့်ကွာ
မင်းသိရဲ့လား။
